ရခိုင်ပြည်နယ်ထဲပြင်းထန်စွာဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာအေအေတပ်တော်ကစစ်ကောင်စီရဲ့စစ်ရေယာဉ်အနည်းဆုံးငါးစီးခန့်ကိုနှစ်မြုပ်ပစ်လိုက်နိုင်ပါတယ်။ကျောက်တော်မြို့သိမ်းတိုက်ပွဲတွေအတွင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်။ကျောက်တော်မြို့ကိုအေအေကအပြင်းအထန်တိုက်ခိုက်နေချိန်မှာစစ်ကောင်စီတပ်ဖွဲ့တွေနဲ့မိသားစုဝင်တွေဟာရေကြောင့းကနေဆုတ်ခွာကြတယ်။ထိုဆုတ်ခွာမှုကိုစစ်ကောင်စီရေတပ်ကကမ်းထိုးရေယာဉ်တွေ၊သယ်ယူပို့ဆောင်ရေးရေယာဉ်တွေအသုံးပြုခဲ့တယ်။ဒါပေမယ့်အေအေကမနားတမ်းလိုက်လံတိုက်ခိုက်ခဲ့တာကြောင့်ထိုရေယာဉ်တွေနစ်မြုပ်ကုန်တယ်။ရေယာဉ်တွေတိုက်ခိုက်ခံရချိန်မှာအေအေဘက်ကလက်နက်ချခွင့်ပေးပေမယ့်စစ်ကောင်စီတပ်ဖွဲ့တွေကဆက်လက်တိုက်ခိုက်နေတာကြောင့်အေအေကကအပြီးသတ်ရှင်းလင်းတိုက်ခိုက်ခဲ့ရာမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်တွေပါအားလုံးသေဆုံးကုန်တယ်။ဒါကိုပဲစစ်ကောင်စီဘက်ကမိသားစုတွေပါမကျန်သတ်ဖြတ်ခဲ့တယ်လို့သတင်းလွင့်သေးတယ်။တကယ်ကသူတို့ကိုလက်နက်ချခွင့်ပေးခဲ့ပေမယ့်ရူးမိုက်စွာပြန်လည်တိုက်ခိုက်နေလို့ဒီလိုအဖြစ်ဆိုးမျိုးနဲ့ကြုံရတာပဲ။ကိုယ့်မိသားစုဝင်တွေကိုပါသေတွင်းထဲပို့တဲ့အထိဉာဏ်နည်းလွန်းတယ်။အေအေဘက်ကရေနစ်နေတဲ့စစ်ကောင်စီသားတွေကိုတောင်စက်လှေတွေနဲ့ကယ်ဆယ်ပေးခဲ့သေးတယ်။
ထိုတိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကစစ်ရေယာဉ်တွေကိုနှစ်မြုပ်ပစ်နိုင်တာကတော့ရခိုင်ပြည်နယ်ကတိုက်ပွဲတွေအတွင်းဒါပထမဦးဆုံးပဲ။စစ်တပ်ဘက်ကရခိုင်ပြည်နယ်ထဲမှာအေအေကိုကြည်းရေလေပူးပေါင်းတိုက်ခိုက်နိုင်တဲ့အခွင့်အရေးမျိုးရရှိခဲ့ပေမယ့်လက်ရှိအချိန်မှာတော့အရှုံးကြီးရှုံးလျက်ရှိနေတယ်။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...