စစ်တပ်နဲ့ရှစ်ကြာအပစ်ရပ်ထားပြီးNCAကိုလက်မှတ်ထိုးထားတဲ့PLNOအဖွဲ့နဲ့စစ်တပ်တို့ကြားပီးခဲ့တဲ့ရက်တွေကတိုက်ပွဲတွေစတင်ဖြစ်ပွားလာပြီးနောက်ရှမ်းတောင်နဲ့ကရင်နီပြည်နယ်အစပ်ကဆီဆိုင်မြို့ကိုPLNOကသိမ်းပိုက်ထိန်းချုပ်လိုက်ပါပြီ။ဆီဆိုင်မြို့ဟာအရင်ကတည်းကPLNOအဖွဲ့ရဲ့အခြေခံနယ်မြေပြီးအခုမှစစ်ကောင်စီလက်ထဲကသိမ်းပိုက်လိုက်တာပါ။မြို့ပေါ်ကစစ်တပ်ရဲ့တပ်ရင်းတွေ၊ရဲစခန်းတွေအကုန်ကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက်စစ်ကောင်စီဘက်ကထုံးစံအတိုင်းလေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်နေပါတယ်။မြို့ထဲကစစ်ဘေးရှောင်တွေကတော့ရှမ်းပြည်နယ်ရဲ့မြို့တော်တောင်ကြီးဘက်ကိုထွက်ပြေးတိမ်းရှောင်နေကြတယ်။ဆီဆိုင်မြို့ဟာကရင်ပြည်နယ်ထဲကိုတောင်ကြီးဘက်ကလာတဲ့ဝင်ပေါက်မှာတည်ရှိနေတယ်။အခုလိုမြို့ကိုသိမ်းပိုက်နိုင်ခြင်းဟာကရင်နီပြည်နယ်လွတ်မြောက်ရေးအတွက်ပိုမိုအခွင့်အလမ်းများလာစေတယ်။
တပြိုင်နက်ထဲကရင်နီပြည်နယ်ထဲမှာလဲမော်ချီးမြို့ကိုစစ်ကောင်စီတပ်တွေစွန့်ခွာသွားတာကြောင့်မတိုက်ခိုက်လိုက်ရပဲတော်လှန်ရေးအဖွဲ့တွေသိမ်းယူလိုက်နိုင်တယ်။ဒါ့ကြောင့်ကရင်နီပြည်နယ်မှာမယ်စဲမြို့နဲ့နန်းမယ်ခုံမြို့အပါအဝင်တော်လှန်ရေးအဖွဲ့တွေသိမ်းပိုက်နိုင်တဲ့မြို့သုံးမြို့အထိရှိလာတယ်။တော်လှန်ရေးတပ်ဖွဲ့တွေဟာကရင်နီပြည်နယ်အတွင်းမှာပြည်နယ်တစ်ခုလုံးရဲ့၇၅ရာခိုင်နှုန်းကိုထိန်းချုပ်ထားနိုင်ပြီးမြို့တော်လွိုင်ကော်ကိုရရှိရေးဆက်လက်တိုက်ပွဲဝင်နေပါတယ်။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...