တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့စစ်ကိုင်းတိုင်းကောလင်းမြို့ကိုစစ်ကောင်စီတပ်တွေကပြန်သိမ်းနိုင်ဖို့ထိုးစစ်ဆင်တိုက်ခိုက်လာနေပါတယ်။ဒီနေ့နဲ့ဆိုရင်ခြောက်ရက်မြောက်နေ့ကိုရောက်ရှိလာပါပြီ။စစ်ကောင်စီတပ်ကကောလင်းမြို့ကိုစစ်ကြောင်း၆ခုထပ်မနည်းခွဲပြီးတိုက်ခိုက်နေတယ်။ကောလင်းမြို့တောင်ဘက်ကန့်ဘလူမြို့ဘက်ကအဓိကစစ်ကြောင်းထိုးနေပြီးမြောက်ဘက်ဝန်းသိုမြို့ဘက်ကလဲစစ်ကြောင်းတွေခွဲထွက်ထားတယ်။ဒါ့အပြင်ကောလင်းမြို့အရှေ့ဘက်မှာလဲရှိသေးတယ်။ထိုကဲ့သို့ညှပ်တိုက်ရန်ကြိုးစားနေပေမယ့်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ခုခံတိုက်ခိုက်မှုကြောင့်မြို့နားကိုတော့မကပ်နိုင်သေးပါဘူး။ဒါကြောင့်မြို့အနီးဝန်းကျင်ရှိရွာတွေကိုဆက်တိုက်မီးရှို့ဖျက်စီးနေတယ်လို့သိရတယ်။ကောလင်းမြို့ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်မှာထောင်ထဲကခေါ်လာတဲ့စစ်သားဟောင်းတွေနဲ့ပျူစောထီးတွေအများအပြားပါဝင်လာတယ်။ထောင်ထွက်တွေကိုလွတ်ငြိမ်းခွင့်ပေးမယ်လို့လဲမက်လုံးပေးထားသေးတယ်။
စစ်ကောင်စီဟာရခိုင်နဲ့ရှမ်းမြောက်မှာအရှုံးကြီးရှုံးနေတဲ့အချိန်မှာသူတို့တပ်တွေစိတ်ဓာတ်မြင့်တင်ဖို့နဲ့သိက္ခာဆည်ဖို့အတွက်NUGသိမ်းပိုက်ထားတဲ့ကောလင်းမြို့ကိုမရမကတိုက်ခိုက်သိမ်းပိုက်မယ့်ပုံစံမှာတော့ရှိတယ်။ရှမ်းမြောက်နဲ့ရခိုင်ကလက်လွတ်လိုက်ရတဲ့မြို့တွေကိုသူတို့ပြန်လည်သိမ်းပိုက်ဖို့လက်ရှိအင်အားနဲ့မဖြစ်နိုင်တော့ဘူးလေ။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...