ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့ကိုတိုက်ခိုက်နေတဲ့KIAရဲ့ပူးပေါင်းအဖွဲ့တွေဟာမိုးမိတ်မြို့ကနေပြန်လည်ဆုတ်ခွာပေးလိုက်ရပါပြီ။မိုးမိတ်မြို့ကိုဒီလ၁၈ရက်နေ့လောက်ကတည်းကKIAကစတင်တိုက်ခိုက်ခဲ့ပြီးနှစ်ပတ်ခန့်အကြာမှာမြို့ကိုမသိမ်းနိုင်ခဲ့ပဲပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရတယ်။စစ်ကောင်စီကမြို့ကိုလက်မလွှတ်ရရေးလေကြောင်းနဲ့လက်နက်ကြီးပစ်ကူမတန်တဆသုံးခဲ့တာကြောင့်မြို့လဲအလုံးစုံနီးပါးပျက်စီးသွားတယ်။ရှမ်းမြောက်မှာညီနောင်သုံးဖွဲ့ရဲ့ထိုးစစ်တွေမရှိတော့တာကြောင့်စစ်ကောင်စီဟာမိုးမိတ်မြို့ကိုဦးစားပေးပြီးခုခံနိုင်ခဲ့တယ်။KIAဟာမိုးမိတ်မြို့ကိုမရခဲ့ပေမယ့်အနီးနားကမဘိမ်းမြို့ကိုတော့သိမ်းပိုက်နိုင်ခဲ့တယ်။ဒါ့ပေမယ့်လဲမိုးမိတ်မြို့ကိုသိမ်းနိုင်မှရှမ်းမြောက်နဲ့ကချင်ပြည်နယ်ဆက်သွယ်ရေးလမ်းကြောင်းကအလုံးစုံပွင့်သွားမှာဖြစ်တဲ့အတွက်မြောက်ပိုင်းတော်လှန်ရေးအဖွဲ့အချင်းချင်းလွတ်လပ်စွာသွားလာထောက်ပို့နိုင်တဲ့အခွင့်အရေးကိုတော့လက်လွတ်ခဲ့ရတာပေါ့။
အလားတူပဲစစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်အစပ်ကထီးချိုင့်မြို့ကိုလဲစစ်ကောင်စီကပြန်လည်ထိန်းချုပ်သွားနိုင်တယ်လို့သိရတယ်။ထီးချိုင့်မြို့ကိုနိုဝင်ဘာလဆန်းကတည်းကတော်လှန်ရေးအဖွဲ့တွေစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးမြို့ရဲ့သုံးပုံနှစ်ပုံခန့်အထိထိန်းချုပ်နိုင်ခဲ့တယ်။ဒါပေမယ့်လဲကချင်ပြည်နယ်ကိုစစ်ကောင်စီဘက်ကထောက်ပို့လုပ်တဲ့လမ်းကြောင့်ပေါ်မှာတည်ရှိပြီးဗျူဟာကျတဲ့ထီးချိုင့်မြို့ကိုစစ်ကောင်စီကလက်လွတ်မခံပဲအပြင်းအထန်ခုခံခဲ့တာကြောင့်နှစ်လကျော်ကြာတိုက်ပွဲတွေဖြစ်ပွားပြီးနောက်မှာစစ်ကောင်စီကပြန်လည်ထိန်းချုပ်လိုက်နိုင်တယ်။
တော်လှန်ရေးကာလအတွင်းဖြစ်သမျှမြို့သိမ်းတိုက်ပွဲတိုင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကသိမ်းနိုင်ခဲ့တာတော့မဟုတ်ပါဘူး။ထီးချိုင့်နဲ့မိုးမိတ်တိုက်ပွဲတွေဆိုရင်တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကသွေးချွေးများစွာရင်းနှီးပြီးတိုက်ခဲ့ပေမယ့်ရည်ရွယ်ချက်ကိုမရရှိခဲ့ဘူး။ဒါ့ကြောင့်စစ်ကောင်စီဘက်ကအပြင်းအထန်မခုခံနိုင်ဖို့ဆိုရင်တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတနိုင်ငံလုံးမှာထိုးစစ်တွေတွေတပြိုင်နက်ထဲပြုလုပ်နိုင်ဖို့အလွန်အရေးကြီးပါတယ်။
စက်တင်ဘာ ၁၀၊ ၂၀၂၄။ (အင်္ဂါ)
စစ်ကောင်စီဟာ နိုင်ငံရဲ့နေရာဒေသ အများအပြားမှာ အတင်းအကြပ် ပေါ်တာဆွဲ...