ရှမ်းမြောက်ကမြို့ကြီးတွေဖြစ်တဲ့သိန္ဒီနဲ့ကွတ်ခိုင်ကိုအပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ညီနောင်သုံးဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။သိန္ဒီမြို့ပေါ်ကို၁၀၂၇စစ်ဆင်ရေးစတင်တဲ့နိုဝင်ဘာလထဲကMNDAAကသိမ်းပိုက်ထားတာဖြစ်ပြီးမြို့နဲ့တစ်မိုင်ကျော်ဝေးကွာတဲ့စစ်ကောင်စီရဲ့နောက်တန်းဌာနချုပ်စခန်းနဲ့လက်အောက်ခံတပ်တွေကိုရက်အတန်ကြာပိတ်ဆို့ထားခဲ့တာပါ။လောက်ကိုင်ကျပြီးနောက်ထိုဌာနချုပ်စခန်းတွေကိုတိုက်ခိုက်ရန်ပိုမိုလွယ်ကူသွားပြီးစစ်ကောင်စီတပ်တွေဟာလဲလားရှိုးဘက်ကိုဆုတ်ခွာသွားတယ်လို့သိရတယ်။ဒါ့ကြောင့်သိန္ဒီမြို့တစ်ခုလုံးကိုဒီရက်ပိုင်းမှာအပြီးသတ်သိမ်းပိုက်လိုက်နိုင်တယ်။
ကွတ်ခိုင်မြို့ဘက်ကိုလဲဒီလစကတည်းကမြောက်ပိုင်းသုံးဖွဲ့ကစတင်တိုက်ခိုက်ခဲ့ပြီးအခုနောက်ဆုံးကျန်နေတဲ့ကွတ်ခိုင်ဗျူဟာကုန်းကိုသိမ်းပိုက်နိုင်လိုက်တာလို့သိရတယ်။ထိုမြို့နှစ်ခုကိုသိမ်းပိုက်နိုင်တဲ့အတွက်ရှမ်းမြောက်မှာစုစုပေါင်း၁၅မြို့ခန့်ကိုမြောက်ပိုင်းသုံးဖွဲ့ကထိန်းချုပ်နိုင်လိုက်ပါပြီ။တရုတ်မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာနယ်စပ်ကမူဆယ်မြို့တမြို့ကလွဲလို့ကျန်မြို့တွေအားလုံးမြောက်ပိုင်းအဖွဲ့တွေလက်အောက်ကျရောက်သွားပါပြီ။မြောက်ပိုင်းအဖွဲ့တွေဆက်လက်အားထည့်ပြီးတိုက်ခိုက်သိမ်းပိုက်စရာဆိုလို့နယ်စပ်ကုန်သွယ်ရေးမြို့ကြီးဖြစ်တဲ့မူဆယ်နဲ့တိုင်းစစ်ဌာနချုပ်မြို့ဖြစ်တဲ့လားရှိုးသာကျန်ပါတော့တယ်။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...