ကရင်ပြည်နယ်နယ်ခြားစောင့်တပ်ဖွဲ့ပြသာနာကိုစစ်ကောင်စီဘက်ကဒုတပ်ချုပ်စိုးဝင်းကိုယ်တိုင်ကရင်ပြည်နယ်အထိသွားပြီးစောချစ်သူနဲ့တွေ့ခဲ့ပေမယ့်ပြေလည်မှုမရခဲ့ပါဘူး။စောချစ်သူကိုစစ်တပ်ကအဆင့်မြင့်ရာထူးဖြစ်တဲ့ဗိုလ်မှုးချုပ်အဆင့်ထိမက်လုံးပေးကမ်းလှမ်းခဲ့ပေမယ်လက်မခံခဲ့ဘူးလို့လဲကြားနေတယ်။ထိုပြသာနာဟာအစောကတည်းကအားနည်းနေတဲ့စစ်တပ်အတွက်ခေါင်းခဲစရာဖြစ်လာပြီ။ကရင်BGFအဖွဲ့ဟာအင်အား၅၀၀၀နဲ့၁၀၀၀၀ကြားမှာရှိပြီးကရင်ပြည်နယ်ထဲမှာစစ်တပ်အတွက်အားထားရတဲ့အင်အားစုတစ်ခုဖြစ်တယ်။ထိုအဖွဲ့ကိုလက်လွတ်ရရင်ကရင်ပြည်နယ်ထဲမှာစစ်တပ်ဟာသိသိသာသာအင်အားနည်းသွားလိမ့်မယ်။ခွဲထွက်သွားတဲ့BGFတွေကိုချေမှုန်းတိုက်ခိုက်ဖို့လဲစစ်ကောင်စီမှာအင်အားမရှိပြန်ဘူး။ဒါ့ကြောင့်စစ်ကောင်စီအနေနဲ့သူတို့ကိုစောင့်ကြည့်ယုံသာတတ်နိုင်မယ်။
တဖက်မှာလဲထိုဖြစ်ရပ်ကြောင့်KNUအတွက်အခွင့်အလမ်းတစ်ခုဖြစ်လာတယ်။ဒီအချိန်မှာအင်အားနည်းသွားတဲ့စစ်တပ်ကိုမောင်းထုတ်ပြီးကရင်ပြည်နယ်ထဲမှာမြို့သိမ်းတိုက်ပွဲတွေဆင်နွှဲနိုင်ဖို့အတွက်အခွင့်အရေးပဲ။အရင်ကစစ်တပ်ဘက်မှာBGFတွေပါနေတာကြောင့်ကရင်အချင်းချင်းတိုက်ခိုက်နေရသလိုဖြစ်နေမယ်ဆိုတဲ့အကြောင်းပြချက်တွေလဲမလိုတော့ဘူး။စောချစ်သူတို့အဖွဲ့အနေနဲ့ကြားနေမယ်ဆိုရင်တောင်တော်လှန်ရေးကိုအကျိုးရှိစေမှာပဲ။KNUနဲ့ပူးပေါင်းမယ်ဆိုရင်တော့အတိုင်းအထက်အလွန်ပေါ့။KNUအနေနဲ့လဲဒီအခွင့်အရေးကိုအသုံးချပြီးရှမ်းမြောက်လိုကရင်ပြည်နယ်ထဲကစစ်တပ်ကိုမောင်းထုတ်ဖို့အချိန်ကျလာပါပြီ။ဒီလိုအချိန်မှမထူးခြားဘူးဆိုရင်တော့မြန်မာပြည်တောင်ပိုင်းကတစ်ခုတည်းသောအင်အားကြီးEAOဖြစ်တဲ့KNUဟာအသံသာရှိပြီးအဆံမရှိတဲ့သင်္ကြန်အမြှောက်လို့သတ်မှတ်ရတော့မယ်။
စက်တင်ဘာ ၀၁၊ ၂၀၂၄။ (တနင်္လာ)
အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၁ ရက်နေ့မှစတင်ပြီး ဆေးဝါးအပါအဝင်...