ရခိုင့်တပ်တော်အေအေရဲ့ထိုးစစ်ဆင်မှုကြောင့်ပလက်ဝဒေသမှအိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်ဘက်ကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားအရေအတွက်ဟာ၆၀၀ကျော်ထိရှိလာပြီဖြစ်ပါတယ်။အေအေကပလက်ဝဒေသတစ်ခုလုံးကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက်ထိုဒေသရှိစစ်ကောင်စီတပ်ဗျူဟာကုန်းတွေကစစ်သားတွေဟာမြန်မာပြည်မဘက်ထွက်ပြေးစရာလမ်းကြောင်းတွေပိတ်ဆို့နေတာကြောင့်အိန္ဒိယနိုင်ငံထဲကိုအလုံးအရင်းနဲ့တသုတ်ပြီးတသုတ်ထွက်ပြေးကြပြီးနောက်မီဇိုရမ်ပြည်နယ်ထဲမှာအရေအတွက်ရာကျော်ရှိလာခဲ့တယ်။ဒါ့ကြောင့်အိန္ဒိယဘက်ကလဲထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတွေကိုစစ်ကောင်စီထံလွဲပြောင်းမှုတွေပြုလုပ်နေတယ်။မနေ့ကတော့အဆိုပါစစ်ကောင်စီတပ်သားတွေကိုသွားခေါ်တဲ့စစ်တပ်ရဲ့အကြီးစားသယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စီးဟာပြေးလမ်းချော်ပျက်ကျပြီးတဲ့နောက်သုံးပိုင်းကျိုးသွားခဲ့ပါတယ်။တရုတ်နိုင်ငံထုတ်Y8အမျိုးအစားသယ်ယူပို့ဆောင်ရေလေယာဉ်ဖြစ်ပြီးစစ်တပ်မှာထိုလေယာဉ်မျိုးအရေအတွက်များများစားစားတော့ရှိမနေပါဘူး။အိန္ဒိယဟာထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတွေကိုကောင်းကောင်းမွန်မွန်လက်ခံပြီးပြန်ပို့နေတာဟာတော်လှန်ရေးကိုအနှောက်အယှက်ပေးနေတယ်လို့မြင်မိတယ်။ထိုစစ်သားတွေကိုစစ်ကောင်စီကတိုက်ပွဲတွေမှာပြန်သုံးမှာပဲလေ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


