အေအေကရခိုင်မှာတမြို့ပြီးတမြို့သိမ်းနေသလိုKIAကလဲရှမ်းမြောက်ကမဘိမ်းမြို့ကိုသိမ်းယူလိုက်ပါပြီ။ပြီးခဲ့တဲ့ရက်ပိုင်းကစပြီးရှမ်းမြောက်နဲ့ကချင်ပြည်နယ်အစပ်ကဒေသတွေကိုKIAနဲ့PDFပူးပေါင်းအဖွဲ့တွေစတင်တိုက်ခိုက်ခဲ့ပြီးနောက်ဒီနေ့မှာတော့မဘိမ်းမြို့ကိုသိမ်းပိုက်နိုင်ခဲ့တယ်။ဒါ့အပြင်မဘိမ်းမြို့အရှေ့ဘက်ရှိမိုးမိတ်မြို့ကိုလဲဆက်လက်တိုက်ခိုက်လျက်ရှိတယ်။ထိုဒေသတွေဟာရှမ်းမြောက်၊ကချင်၊စစ်ကိုင်း၊မန္တလေးအစပ်မှာတည်ရှိနေပြီးဆက်သွယ်ရေးလမ်းကြောင်းအရဗျူဟာကျတယ်။ထိုလမ်းကြောင်းကိုရရှိရင်ရှမ်းမြောက်ကနေစစ်ကိုင်းတိုင်းအထိတော်လှန်ရေးအဖွဲ့တွေဘက်ကလက်နက်ရိက္ခာတွေအတားအဆီးမရှိပို့နိုင်မှာဖြစ်တယ်။ဒါ့ကြောင့်ထိုလမ်းကြောင်းပေါ်ကမြို့တွေဖြစ်တဲ့စစ်ကိုင်းတိုင်းမှာဆိုရင်ထီးချိုင့်နဲ့ကသာ၊ရှမ်းမြောက်မှာဆိုရင်နမ့်ဖက်ကာဒေသနဲ့မိုးမိတ်မြို့တို့ကိုထိန်းချုပ်နိုင်အောင်ကြိုးစားနေကြတယ်။နမ့်ဖက်ကာကိုတော့ဟိုတရက်ကစစ်တပ်ရဲ့ရဟတ်ယာဉ်ပျက်ကျပြီးကတည်းကတော်လှန်ရေးအဖွဲ့တွေရရှိထားတယ်။ထိုဒေသတွေဟာစစ်ရေးအရအရေးပါတာကြောင့်စစ်ကောင်စီဘက်ကလဲအပြင်းအထန်ခုခံနေတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


