တိုင်းရင်းသားတပ်ဖွဲ့တွေသိမ်းယူထားတဲ့မြို့ရွာများဘယ်တော့မှမအေးချမ်းအောင်လေကြောင်းနဲ့တိုက်ခိုက်သွားမယ်လို့စစ်ကောင်စီကခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။ဒီဇင်ဘာလ၂၃ရက်နေ့ကမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့စစ်ကောင်စီတို့ဒုတိယအကြိမ်တွေ့ဆုံခဲ့သေးတယ်။ထိုတွေ့ဆုံပွဲမှာစစ်ကောင်စီကမင်းတို့တိုင်းရင်းသားဒေသတွေဘယ်တော့မှအေးချမ်းသာယာမှာမဟုတ်ဘူး၊ငါတို့ကအမြဲလေကြောင်းကဗုံးကြဲနေမှာပဲလို့ခြိမ်းခြောက်ခဲ့တာတာပါ။ဒါဟာစစ်ကောင်စီရဲ့သရုပ်မှန်ကိုပွင့်ပွင့်လင်းလင်းဖော်ပြလိုက်တာပဲ။စစ်ကောင်စီဟာဒီတော်လှန်ရေးမှာသူတို့အုပ်ချုပ်လို့မရတော့ရင်၊လက်လွတ်လိုက်ရတဲ့ဒေသကိုအလုံးစုံဖျက်စီးပစ်ဖို့ယုတ်မာစွာကြံစည်နေတယ်။ရှေ့မှာလဲထိုကဲ့သို့လုပ်ခဲ့တဲ့သာဓကတွေရှိခဲ့တယ်။အခုလက်ရှိအနီးစပ်ဆုံးဆိုရင်လောက်ကိုင်နဲ့ကယားပြည်နယ်လွိုင်ကော်မြို့ကိုပြရမယ်။လွိုင်ကော်မှာဆိုရင်နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်ဒေသခံတွေမရှိသလောက်ဖြစ်နေပြီ။စစ်ကောင်စီဟာလွိုင်ကော်ကိုလက်လွတ်ရတော့မှာမို့လွိုင်ကော်မြို့မဈေးကြီးကိုမီးရှို့ဖျက်ဆီးထားတယ်။မြို့ထဲကအိမ်တွေဆိုင်တွေကိုလဲဖောက်ထွင်းခိုးယူနေတယ်။အရင်ကသာယာလှပခဲ့တဲ့လွိုင်ကော်မြို့ဟာတဖြည်းဖြည်းနဲ့မြို့ပျက်ကြီးအသွင်ပြောင်းလဲလာနေပါပြီ။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...