ပဲခူးတိုင်းထဲမှာစစ်ကောင်စီဟာတပ်သားသစ်စုဆောင်းတဲ့အနေနဲ့ပြည်သူ့စစ်ဖွဲ့စည်းဖို့ဆိုပြီးအတင်းအကျပ်ပြုလုပ်နေပါတယ်။အထူးသဖြင့်တော်လှန်ရေးလှုပ်ရှားမှုးတွေအားနည်းနေသေးတဲ့ပဲခူးတိုင်းအနောက်ခြမ်းမှာစစ်တပ်နဲ့အုပ်ချုပ်ရေးမှုးတွေကလူဦးရေစာရင်းတွေတောင်းခံနေတယ်။ပြီးတော့ပြည်သူ့စစ်ဖွဲ့ဖို့ဆိုပြီးတရွာကိုဘယ်နှယောက်ဆိုပြီးတောင်းတယ်။လူမပေးနိုင်ရင်ငွေညစ်နေပါတယ်။ရထားတဲ့သတင်းတွေအရတချို့ရွာတွေမှာတစ်ရွာကိုငါးယောက်တောင်းပါတယ်။ပြည်သူ့စစ်ထဲမဝင်ချင်ရင်တစ်ယောက်ကိုသိန်း၂၀နှုန်းနဲ့တစ်ရွာကိုသိန်းတစ်ရာပေးရတယ်။တချို့ရွာတွေမှာတော့မဲနှိုက်ခိုင်းပြီးမဝင်မနေရပုံစံမျိုးလုပ်နေတယ်။ဒါ့ကြောင့်ထိုရွာတွေကလူငယ်လူရွယ်တွေဟာရွာထဲမှာမနေရဲပဲရှောင်တိမ်းနေရတယ်။ပြည်သူတွေစားဝတ်နေရေးမပြေလည်တဲ့ကြားထဲကစစ်တပ်ကရွာတွေကိုသူပုန်ဆန်ဆန်အတင်းဓားပြတိုက်ဆက်ကြေးတောင်းသလိုပုံစံလုပ်နေတာပါ။အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြည်သူ့စစ်နဲ့လုံခြုံရေးကွန်ယက်များဖွဲ့စည်းမယ်လို့ပြောပြီးနောက်အခုလိုပြည်သူ့စစ်ဖွဲ့စည်းဖို့စစ်တပ်ကဖိအားပေးခြိမ်းခြောက်လာတာဖြစ်တယ်။ဒီကာလအတွင်းလျော့ပါးသွားတဲ့သူတို့ရဲ့စစ်အင်အားကိုရတဲ့နည်းနဲ့ဖြည့်တင်းချင်တာလဲပါမှာပေါ့။အရင်ခေတ်တွေတုန်းကတောင်တပ်သားသစ်စုဆောင်းတဲ့အနေနဲ့ပေါ်တာဆွဲရင်ခိုးကြောင်ခိုးဝှက်လုပ်ကြတာပါ။အခုတော့စစ်သူပုန်တွေဟာတကယ့်ကိုသူပုန်ဆန်ဆန်ပဲပေါ်ပေါ်တင်တင်လုပ်နေကြပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


