ရှမ်းပြည်နယ်မြောက်ပိုင်းရှိကမ္ဘာကျော်သတ္တုတွင်းတည်ရှိရာနမ္မတူမြို့ကိုTNLAကထပ်မံသိမ်းပိုက်လိုက်ပါတယ်။ထိုမြို့ကိုဒီဇင်ဘာလ၂၆ရက်နေ့ကစတင်တိုက်ခိုက်ခဲ့ပြီး၂ရက်အကြာမှာသိမ်းပိုက်နိင်ခဲ့ပါတယ်။လောလောဆယ်မှာတော့မြို့ထဲကထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလိုက်လံရှင်းလင်းနေတယ်။နမ္မတူမြို့သိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကတိုင်းစစ်ဌာနချုပ်ဖြစ်တဲ့လားရှိုးမြို့အဝင်အထွက်တွေကိုပိတ်ဆို့ထားတယ်လို့သိရတယ်။အရင်ကလားရှိုးကိုမှတ်ပုံတင်ရှိသူများကိုသာအဝင်အထွက်ပြုလုပ်ခွင့်ပေးပြီးအခုတော့ဘယ်သူ့ကိုမှအဝင်အထွက်လုပ်ခွင့်မပေးတော့ဘူး။နမ္မတူမြိုဟာလားရှို့မြို့အနောက်ဘက်မိုင်အနည်းငယ်သာဝေးကွာတယ်လေ။TNLAကသိမ်းပိုက်ပြီးနောက်စစ်ကောင်စီကမြို့ကိုလေကြောင်းမှဗုံးကြဲတိုက်ခိုက်နေလို့နေရာတော်တော်များများပျက်စီးလျက်ရှိတယ်။တမြို့လုံးအနေအထားနဲ့ဆိုရင်၄၀ရာခိုင်နှုန်းလောက်ပျက်စီးသွားပြီ။မြို့ထဲကဒေသခံအများစုကတော့တိမ်းရှောင်နေကြတယ်။TNLAဟာအခုဆိုရင်ရှမ်းမြောက်မှာမြို့ပေါင်း၅မြို့အထိသိမ်းပိုက်ထားပြီးကွတ်ခိုင်နဲ့သိန္ဒီမြို့တွေကိုလဲဆက်လက်တိုက်ခိုက်နေတယ်။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...