ရှမ်းပြည်နယ်မြောက်ပိုင်းမှာစစ်ကောင်စီနဲ့မြောက်ပိုင်းညီနောင်သုံးဖွဲ့ကြားယာယီအပစ်ရပ်ဖို့သဘောတူခဲ့တယ်လို့သိရတယ်။တရုတ်နိုင်ငံကဦးဆောင်ပြီးကူမင်းမြို့မှာပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲမှာပထမနှစ်ရက်ကသဘောတူညီချက်တစုံတရာမထွက်ခဲ့ပေမယ့်တတိယမြောက်ရက်မှာယာယီအပစ်ရပ်ဖို့နှစ်ဖက်လုံးကဘောတူခဲ့တာဖြစ်တယ်။ဒီသဘောတူညီချက်ဟာဆွေးနွေးပွဲပြီးနောက်တစ်ရက်မှာစတင်အသက်ဝင်မမှာပါ။သဘောတူညီချက်တွေထဲမှာတော့နှစ်ဖက်တပ်တွေရောကတဲ့နေရာမှာအပစ်ရပ်ဖို့၊မြောက်ပိုင်းအဖွဲ့တွေဘက်ကမြို့နဲ့စခန်းသိမ်းတိုက်ပွဲတွေမလုပ်ဖို့နဲ့စစ်ကောင်စီဘက်ကလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေမလုပ်ဖို့အဓိကပါဝင်တယ်။တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းတွေပြန်လည်ဖွင့်လှစ်ဖို့ကိုတော့တိုက်ပွဲတွေငြိမ်သွားတဲ့အချိန်မှာစစ်ကောင်စီ၊မြောက်ပိုင်း၃ဖွဲ့နဲ့တရုတ်နိုင်ငံကြားပြန်လည်ညှိနှိုင်းသွားမှာဖြစ်တယ်။ဒီဆွေးနွေးပွဲရလဒ်ဟာရှမ်းမြောက်ဒေသအတွက်ပဲဖြစ်ပြီးရခိုင်ဒေသမပါဝင်ဘူးလို့သိရတယ်။
မြောက်ပိုင်းသုံးဖွဲ့နဲ့စစ်ကောင်စီတို့ဟာဒီဇင်ဘာလဆန်းကတည်းကတရုတ်အကူအညီနဲ့တွေ့ဆုံခဲ့ကြပြီးအခုသုံးကြိမ်မြောက်မှာအပစ်ရပ်ဖို့သဘောတူလိုက်တာပဲ။အခုလိုစစ်ဆင်ရေးအရှိန်ကောင်းနေချိန်မှာရုတ်တရက်အပစ်ရပ်လိုက်တဲ့အတွက်တော်လှန်ရေးအတွက်အတော်အထိနာတယ်လို့ပြောရမယ်။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...