NUGသိမ်းပိုက်ထားတဲ့ကောလင်းမြို့အနီးတဝိုက်ဒေသမှာစစ်ကောင်စီကဖမ်းဆီးသွားတဲ့အရပ်သား၁၉ဦးရဲ့အလောင်းတွေကိုဝန်းသိုမြို့အနီးငါးမိုင်ခန့်အရပ်မှာတွေ့ရတယ်လို့ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ဖမ်းဆီးသတ်ဖြတ်ခံရသူတွေဟာအမျိုးသမီးတွေအပါအဝင်ကားသမားတချို့နဲ့ကောလင်းမြို့ခံငါးဦးလဲပါဝင်တယ်။အလောင်းတွေကိုလဲဟိုတစ်စုဒီတစ်စုစွန့်ပစ်ထားခဲ့တာပါ။ရုပ်အလောင်တွေမှာခြေလက်နောက်ပြန်ကြိုးတုတ်ထားပြီးဗိုက်နဲ့ဦးခေါင်းပွင့်သေနတ်ဒဏ်ရာတွေတွေ့ရတယ်။တစ်ချက်ထဲတောင်မဟုတ်ပဲအချက်ပေါင်းများစွာရက်ရက်စက်စက်ပစ်ခံထားရတယ်။တချို့အလောင်းတွေကခြေထောက်အကြောတွေအဖြတ်ခံထားရတယ်။ကားမောင်းသမားတွေရောကုန်သည်တွေပါပါဝင်တယ်လို့သိရတယ်။
စစ်ကောင်စီဟာကောလင်းမြို့ကိုပြန်လည်သိမ်းယူနိုင်ဖို့မြို့အနီးတဝိုက်ကိုမြေပြင်ကနေစစ်ကြောင်းထိုးနေသလိုလက်နက်ကြီးတွေနဲ့လဲမြို့ထဲကိုနေ့တိုင်းနီးပါးပစ်ခတ်နေပြီးကြမ်းကြမ်းတမ်းတမ်းဖိအားပေးနေတယ်။အခြားဒေသတွေကိုနေကောလင်းမြို့အဝင်အထွက်ကိုလဲပိတ်ဆို့ထားတယ်။ကောလင်းမြို့ပေါ်မှာတော့NUGဒီဇင်ဘာလကစပြီးအုပ်ချုပ်ရေးတရားစီရင်ရေးနဲ့စီးပွားရေးကိစ္စတွေကိုစီမံခန့်ခွဲနေပါတယ်။
ဒီဇင်ဘာ ၁၇၊ ၂၀၂၄။ (အင်္ဂါ)
ရခိုင်ပြည်နယ်၊အမ်းမြို့ရှိအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်နေတဲ့ဓာတ်ပုံနဲ့ဗီဒီယိုဖိုင်တွေကိုအေအေဘက်ကထုတ်ပြန်လာပါတယ်။ဓာတ်ပုံတွေထဲမှာ အေအေရဲ့ထိုးစစ်ကြောင့်နပခဌာနချုပ်အဆောက်အအုံကြီးတစ်ခုလုံး မီးလောင်ပျက်စီးနေတာကိုရှင်းလင်းစွာတွေ့မြင်ရတယ်။ထုတ်ပြန်မှုထဲမှာတိုက်ပွဲအတွင်း လက်နက်ချလာတဲ့စစ်ကောင်စီတပ်သားတွေရဲ့ဗီဒီယိုဖိုင်တွေလဲပါတယ်။...