Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ရခိုင်တွင် စားသောက်ကုန်စျေးနှုန်းမြင့်တက်၊ ပြင်ပပို့ကုန်စျေးကျဆင်းလာ ဟုဆို

January 4, 2024
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့၍ စိစစ်မှုများပြုလုပ်လာသည့် အတွက် အခြေခံစားသောက်ကုန်များ စျေးနှုန်းမြင့်တက်နေပြီး ရခိုင်မှတင်ပို့သော စားသောက်ကုန်အချို့ ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

စျေးနှုန်းမြင့်တက်လာသည့် စားသောက်ကုန်များမှာ စျေးကွက်အတွင်း လက်ကျန်ကုန်ပစ္စည်းများဖြစ်ပြီး ကုန်စိမ်းနှင့် ကုန်ခြောက်အချို့မှာ မြို့နယ်အများစု၌ ပြတ်လပ်နေကြောင်း ဒေသခံများက ဆိုသည်။

“ရန်ကုန်နဲ့ တခြားမြို့တွေကိုပို့တဲ့ ငါးတို့ပုစွန်တို့က စျေးတော်တော်ကျသွားတယ်။ ပြည်မကဝင်တဲ့ ကြက် သွန်နီ၊ ကြက်သွန်ဖြူတွေက စျေးအဆမတန် တက်သွားတယ်။ အခုဆို ပစ္စည်ပြတ်သွားလို့ ဘယ်မှာမှ ဝယ် မရတော့ဘူး” ဟု အမ်းမြို့ဒေသခံတဦးက မဇ္စျိမကိုပြောသည်။

ပြည်မမှဝင်သည့်စားသောက်ကုန်များအနက် ကြက်သွန်နီ၊ ကြက်သွန်ဖြူမှာ ယခင်က တပိဿာလျှင် ၄,၀၀၀ နှင့် ၅,၀၀၀ ကျပ်မှ ယခု ၃၀,၀၀၀ ကျပ်မှ ၅၀,၀၀၀ ကျပ်အထိ၊ ငရုတ်သီးစိမ်း တပိဿာလျှင် ၅,၀၀၀ ကျပ်မှ ယခု ၆၀,၀၀၀ ကျပ်၊ စားအုန်းဆီ တပိဿာလျှင် ၇,၀၀၀ ကျပ်မှ ယခု ၂၀,၀၀၀ ကျော်၊ ကြက်ဥတလုံးလျှင် ကျပ် ၂၅၀ မှ ၁,၀၀၀ ကျပ်အထိ တရက်ထက်တရက် မြင့်တက်လာကြောင်း အမ်း၊ စစ်တွေ၊ ကျောက်ဖြူနှင့် မောင်တောဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိရာသီမှာ ရခိုင်ပြည်နယ်တွင် စပါးရိတ်သိမ်းသည့်ကာလဖြစ်သောကြောင့် ဆန်ဖူလုံလာသော်လည်း ဒေသတွင်းဝယ်လိုအားများသဖြင့် ပေါ်ဆန်းမွှေးတအိတ်လျှင် ယခင် ၇၀,၀၀၀ ကျပ်မှ ယခု ၂၄၀,၀၀၀ ကျပ် အထိ မြင့်တက်လျက်ရှိကြောင်းလည်း သိရသည်။

အဆိုပါ အခြေခံစားသောက်ကုန်စျေးနှုန်းများမှာ စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်း စတင်ပိတ်ဆို့ခဲ့သော နိုဝင်ဘာလ ၁၃ ရက်မတိုင်ခင်နှင့် ယခု ဒီဇင်ဘာလ ၁၈ ရက်အတွင်း စျေးကွက်၌ဖြစ်ပေါ်နေသော စျေးနှုန်း များအား ဒေသခံများ၏အဆိုအရ နှိုင်းယှဥ်ထားခြင်းဖြစ်သည်။

မောင်တောမြို့သည် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သော်လည်း လက်ရှိအခြေအနေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှဝင်သည့် အခြေခံစားသောက်ကုန်များ အားလုံးနီးပါး ပြတ်လပ်သွားကြောင်း မောင်တောဒေသခံများက ဆိုသည်။

“ဆန်နဲ့ဆီကတော့ ဝယ်လို့ရသေးတယ် ဒါပေမယ့်စျေးတွေ တအားတက်နေတယ်။ ကြက်သွန်နီ၊ ငရုတ်သီး စိမ်းအပါအဝင် ကြက်ဥနဲ့ တခြားစားသောက်ကုန်အားလုံး ပြတ်သွားပြီ။ မောင်တောမြို့ပေါ်မှာဝယ်လို့မရ တော့ဘူး။ နခခ( စစ်ကောင်စီနယ်ခြားစောင့်တပ်ခွဲ)ကလည်း လက်နက်ကြီးတွေနဲ့ ရွာထဲ၊ မြို့ထဲကို ပစ်နေ တော့ ဘင်္ဂလားဒေ့ရှ်ဘက်ကဝင်ဖို့ကလည်း အခြေအနေဆိုးတယ်ကြားတယ်။ အဲဒါကြောင့် ဘယ်မှာမှ ဝယ်မရတော့ဘူး။ နောက် တလ၊ နှစ်လနေရင် အကုန်ငတ်ကုန်တော့မှာ” ဟု မောင်တောဒေသခံတဦးက မဇ္စျိမကိုပြောသည်။

ဒေသအတွင်း၌ ကုန်စျေးနှုန်းများမြင့်တက်လာချိန်တွင် လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့မှုများကြောင့် ရန်ကုန်မြို့သို့ အဓိကပို့ဆောင်သည့် ရေထွက်ကုန်အချို့မှာ ကုန်စည်စီးဆင်းမှုရပ်ဆိုင်းသွားကာ စျေးနှုန်း ထက်ဝက်ကျော် ကျဆင်းသွားကြောင်း စစ်တွေ၊ အမ်း၊ ကျောက်ဖြူ၊ မောင်တော မြို့ခံများထံမှ သိရသည်။

“ပြည်မဘက်ကိုပို့တဲ့ ပင်လယ်စာတွေ၊ ရန်ကုန်ဘက်က ကျောက်ပုစွန်လို့ခေါ်တဲ့ Tiger ပုစွန်ကြီးတွေ စျေး ကျတယ်။ လမ်းပိတ်ဆို့ထားလို့ မပို့ရတော့ ဒီဘက်တွေမှာ စျေးတော်တော်ကျသွားတယ်” ဟု စစ်တွေမြို့ခံ တဦးက ပြောသည်။

ရေထွက်ကုန်ပစ္စည်းများဖြစ်ကြသည့် ပင်လယ်စာ အစားအစာများအနက် ကျားပုစွန်(ဒေသအခေါ် ကုလား ပုစွန်) မှာ ယခင်က တပိဿာလျှင် ၅၀,၀၀၀ ကျပ်မှ ယခု ၂၀,၀၀၀ ကျပ်၊ ရွှေပုစွန်တပိဿာလျှင် ၇၀,၀၀၀ မှ ၃၀,၀၀၀ ကျပ်အထိ ဒေသအတွင်းစျေးကွက်၌ စျေးနှုန်းများ ကျဆင်းသွားသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်မှထွက်ရှိသည့် ပင်လယ်စာ ရေထွက်ကုန်ပစ္စည်းများကို ပိတ်ဆို့မှုမတိုင်မီက ရန်ကုန်တိုင်း အတွင်းရှိ ဟိုတယ်၊ စားသောက်ဆိုင်များသို့ အဓိကဖြန့်ဖြူးရောင်းချနေခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် စားသောက်ကုန်အချို့ ပြတ်လပ်သွားသကဲ့သို့ ကျေးရွာများတွင်လည်း တကျော့ပြန် တိုက်ပွဲများစတင်ပြီးနောက်ပိုင်း ဆေးဝါးပစ္စည်းများ တဖြည်းဖြည်းရှားပါးလာကာ လက်ရှိတွင် ပစ္စည်း ပြတ်လပ်သွားကြောင်း အမ်းမြို့ဒေသခံတဦးကဆိုသည်။

“ဆေးဝါးတွေက မြို့ပေါ်ကဝယ်ရတော့ တိုက်ပွဲစပြီးနောက်ပိုင်း တဖြည်းဖြည်း ပစ္စည်းပြတ်သွားတယ်။ ကျွန်တော်သိသလောက် တခြားမြို့နယ်တွေက ရွာတွေမှာ ဝယ်မရတော့ဘူး မြို့ပေါ်မှာတောင် ဆေးဝါး တွေကနည်းနေပြီ” ဟု ၎င်းကပြောသည်။

ထို့ပြင် ဆိပ်ကမ်းမြို့တမြို့ဖြစ်သည့် ကျောက်ဖြူမြို့ရှိ ကမ်းနားမြစ်ဆိပ်များတွင်လည်း ရေလုပ်ငန်းလုပ် ကိုင်သည့် တံငါသည်များ၊ ကုန်သည်များအား စစ်ကောင်စီက ရေလုပ်ငန်းလုပ်ကိုင်ခွင့် ရပ်တန့်ခိုင်းထား သည့်အပြင် မြစ်ဆိပ်တွင် ၂၄ နာရီ ဆင်းခွင့်၊ သွားလာခွင့်မရှိကြောင်း ကြေညာခဲ့ပြီး ရေလမ်းအနီးတဝိုက် ဖြတ်သန်းသွားလာသည့် စျေးသည်နှင့် အရပ်သားများကိုလည်း ဖမ်းဆီးခြင်း၊ သေနတ်ဖြင့်ပစ်ခတ်ခြင်းများ ပြုလုပ်ကြောင်း ကျောက်ဖြူဒေသခံတဦးက ဆိုသည်။

“ကျောက်ဖြူတို့ စစ်တွေတို့က မြို့ကြီးတွေဖြစ်တဲ့အတွက် ရွာတွေဘက်က စိုက်ပျိူးရေးလုပ်ငန်းရှင်တွေ သီးနှံတွေ ရောင်းချလို့မရသလို ဒီမြို့တွေမှာရှိတဲ့ စက်သုံးဆီတွေကို ရွာဘက်ကူးပြီး ရောင်းလို့မရဘူး။ ကုန်းလမ်းတွေပိတ်လို့ ရေလမ်းဘက်ကဖြတ်သွားရင် တွေ့သမျှသေနတ်နဲ့ပစ်တယ်။ AA စိုးမိုးထားတဲ့ ရွာ တွေကတော့ တရွာနဲ့တရွာ သွားလာလို့ရတာပေါ့” ဟု ၎င်းကပြောသည်။

ပြည်မမှ အခြေခံစားသောက်ကုန်များ အဓိကဝင်ရောက်သည့် လမ်းကြောင်းများဖြစ်သည့် ကုန်းလမ်း၊ ရေ လမ်းများကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ ယနေ့ ဒီဇင်ဘာလ ၁၉ ရက်အထိ ပိတ်ဆို့ ထားဆဲဖြစ်သောကြောင့် ပြည်သူများ အခက်အခဲများနှင့် ကြုံနေရကြောင်း ဒေသတွင်း လူမှုကူညီကယ် ဆယ်ရေးအသင်းများက ဆိုသည်။

တမြို့နှင့်တမြို့ အဝင်အထွက်လမ်းကြောင်းများအပြင် မြို့နှင့်ရွာ ထိစပ်သည့် လမ်းကြောင်းများကိုပါ စစ်ကောင်စီတပ်က ပိတ်ဆို့ထားမှုကြောင့် စားသောက်ကုန်များ စျေးနှုန်းအဆမတန်မြင့်တက်၍ ပြတ်လပ် သွားခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်သည်။

ဒေသခံများ၏အဆိုအရ ရက္ခိုင့်တပ်တော်(AA)မှနယ်မြေစိုးမိုးမှု ရရှိထားသည်မှာ ကျေးရွာအများစုဖြစ်ပြီး စစ်ကောင်စီသည် မြို့အချို့ရှိ စစ်ဆေးရေးဂိတ်များတွင် မြို့အနီးနားရှိကျေးရွာမှ စျေးသည်၊ အရပ်သား များအား နာရေးမှအပ ကူးလူးသွားလာခြင်းအား ကန့်သတ်ပိတ်ဆို့ထားကြောင်း သိရသည်။
“မြို့ပေါ်ဧရိယာမှာ စစ်ကောင်စီကစိုးမိုးတဲ့ နေရာတွေကို ရွာတွေဘက်က ကုန်သည်နဲ့ စျေးသည်တွေ လာ ရောင်းလို့ မရတော့ဘူး၊ နာရေးတခုပဲ သူတို့ဆီကထောက်ခံချက်ယူပြီး သွားရတာ”ဟု ဒေသခံတဦးက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်(AA)မှ စတင်ထိုးစစ်ဆင်သည့် နိုဝင်ဘာလ ၁၃ ရက်တွင် ရသေ့ တောင်၊ မြောက်ဦးမြို့နယ်တို့၌ နှစ်ဖက်ထိတွေ့တိုက်ပွဲများစတင်ခဲ့ပြီး ယင်းရက်ပိုင်းမှစ၍ စစ်ကောင်စီ သည် လမ်းပန်းဆက်သွယ်ရေးအား လေကြောင်းမှလွဲ၍ အဖက်ဖက်မှ ပိတ်ဆို့ထားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံများမှာ စားသောက်ကုန်များ စျေးနှုန်းအဆမတန်မြင့်တက်မှုနှင့် ပစ္စည်း ပြတ်လပ်မှုတို့ကြောင့် အခက်ကြုံနေသည့်အပြင် စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေမှတိုက်ခိုက်မှုများ ကြောင့် ထိခိုက်ဒဏ်ရာရခြင်း၊ နေအိမ်များ ထိခိုက်ပျက်စီးခြင်းများကိုပါ ကြုံတွေ့နေရခြင်း ဖြစ်သည်။

ရသေ့တောင်မြို့နယ်အနောက်တောင်ပိုင်း မေယုမြစ်ကမ်းဘေးရှိ ဒုံးပိုက်နှင့် ချိန်ခါလီကျေးရွာများရှိ နယ် ခြားစောင့်ရဲစခန်းများအား ရက္ခိုင့်တပ်တော်(AA)က နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စတင်သိမ်းပိုက်ခဲ့ရာမှ လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းစစ်စခန်းများ၊ စစ်ကောင်စီဂိတ်များ၊ ရဲစခန်း၊ စစ်ဘက် ရဲဘက် အတူနေသောစခန်းများနှင့် နယ်ခြားစောင့်တပ်စခန်းများ စုစုပေါင်း ၁၄၂ ခုအား ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ထားနိုင်ကြောင်း ဒီဇင်ဘာလ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်(AA)၏ ထိုးစစ်ဆင်တိုက်ခိုက်မှုစတင်ခဲ့သော နိုဝင်ဘာလ ၁၃ ရက် နေ့မှစ၍ ဒီဇင်ဘာလ ၁၈ ရက်နေ့အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး ပေါက်တော၊ မြောက်ဦး၊ အမ်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့ရှိ ဆမီးမြို့နယ်တို့တွင် စစ်ရေးအရှိန် ပြင်းထန်နေဆဲ ဖြစ်သည်ဟု သိရသည်။

Source – MIZZIMA

Related Posts

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် နေအိမ် ၂၀၀ နီးပါး  မီးရှို့ခံရ ရွာမီးရှို့၊ ပစ်ခတ်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်ရသူများထဲတွင် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟု သိရသည်။
သတင်း

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် နေအိမ် ၂၀၀ နီးပါး မီးရှို့ခံရ ရွာမီးရှို့၊ ပစ်ခတ်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်ရသူများထဲတွင် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟု သိရသည်။

July 6, 2025

ပဲခူးတိုင်း အနောက်ဘက်ခြမ်း၊ သာယာဝတီခရိုင် မင်းလှမြို့နယ်တွင် အင်အားရာနှင့်ချီ...

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ
သတင်း

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ

July 6, 2025

ယခုနှစ်ကုန် ကျင်းပမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ...

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English