မန္တလေးမြို့ နန်းတွင်းရှိ စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တည်ရှိရာအား တာဝေးပစ် လက်နက်ကြီးများဖြင့်တော်လှန်ရေးအဖွဲ့တွေကပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။စုစုပေါင်းလက်နက်ကြီးခြောက်လုံးပစ်ခတ်ခဲ့တယ်လို့သိရတယ်။မန္တလေးမြို့နန်းတွင်းဟာစစ်ကောင်စီတပ်၏အလုံခြုံဆုံးဟုယူဆခံထားရတဲ့နေရာတစ်ခုဖြစ်တယ်။တော်ရုံနဲ့တိုက်ခိုက်ခံရဖို့ခဲယဉ်းတယ်။တိုက်ခိုက်ခံရမှုကြောင့်စစ်ကောင်စီတပ်တွေဟာမန္တလေးမြို့ဆင်ခြေဖုန်းရှိရွာအချို့ကိုဝင်ရောက်ရှာဖွေခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့တယ်။နောက်ဆက်တွဲသတင်းတွေအရတော့ထိုတိုက်ခိုက်မှုကြောင့်နန်းတွင်းရှိစစ်ကောင်စီတိုင်းမှုးကတော်တစ်ယောက်သေဆုံးခဲ့တယ်လို့သိရတယ်။ဒါဟာအမှန်ဆိုရင်တော့နန်းတွင်းကစစ်ကောင်စီတပ်တွေကိုကောင်းကောင်းပညာပေးလိုက်နိုင်တယ်လို့ပြောရမယ်။မန္တလေးမြို့အနီးအနားမှာတိုက်ပွဲတွေမရှိသေးပေမယ့်ဆက်စပ်နယ်မြေတွေမြစ်တဲ့မတ္တရာ၊သပိတ်ကျင်း၊မိုးကုတ်၊နွားထိုးကြီးစတဲ့မြို့နယ်တွေမှာတော့တော်လှန်ရေးတပ်ဖွဲ့တွေရောက်ရှိနေပါပြီ။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...