လောက်ကိုင်မှာဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)ကလွဲလို့တမြို့လုံးနီးပါးကိုမြောက်ပိုင်းမဟာမိတ်အဖွဲ့တွေထိန်းချုပ်နို်ငပြီလို့သိရတယ်။မြို့ထဲမှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပြည်သူ့စစ်တွေအလံဖြူပြကာလက်နက်ချနေကြပြီးလက်နက်၂၀၀ကျော်သိမ်းဆည်းရမိထားတယ်။အခုဆိုရင်ဒကစပတ်ဝန်းကျင်မှာတိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီ။ဒကစဟာလောက်ကိုင်မြို့အဝင်တောင်ကုန်းတစ်ခုပေါ်မှာတည်ရှိတယ်။လောက်ကိုင်မြို့ပေါ်မှာလဲအပျက်အစီးအလွန်များနေပြီးစစ်ကောင်စီကလေကြောင်းမှမကြာခဏဗုံးကြဲတိုက်ခိုက်နေတယ်။စစ်တပ်လော်ဘီတွေကလဲလောင်ကိုင်မြို့ကိုဗုံးကြဲဖျက်စီးဖို့အဆက်မပျက်ဆော်ဩနေကြတယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လောင်ကိုင်မြို့ကလူနေအဆောက်အအုံအများအပြားမီးလောင်ပျက်စီးနေပြီ။နယ်စပ်ချင်းထိစပ်နေတဲ့တရုတ်ကတောင်သူတို့နိုင်ငံသားတွေကိုလောက်ကိုင်မြို့ကအမြန်ဆုံးထွက်ခွာဖို့သတိပေးနေပြီ။ဒီပုံအတိုင်းဆိုရင်ဒကစမကျခင်မှာပဲလောက်ကိုင်မြို့ဟာပြာပုံဖြစ်သွားနိုင်တယ်။အခြေခံအဆောက်အအုံအကုန်ပီးပြည့်စုံနေပြီးဖွံဖြိုးတိုးတက်နေတဲ့လောက်ကိုင်မြို့ကြီးပျက်စီးသွားရင်တော့အတော်နှမြောစရာကောင်းမှာပဲ။ထိုကဲ့သို့ဖြစ်လာရင်စစ်ကောင်စီကအဓိကတရားခံပဲ။
တောင်ပိုင်းမှာတော့KNU/PDFပူးပေါင်းအဖွဲ့တွေဟာပဲခူးတိုင်းနတ်သံကွင်းမြို့ကိုဝင်ရောက်တိုက်ခိုက်ပြီးထိန်းချုပ်ထားတယ်လို့သတင်းထုတ်ပြန်ထားတယ်။နတ်သံကွင်းမြို့ဟာဟိုတခေါက်ကသိမ်းပိုက်ခဲ့ပြီးပြန်လည်လက်လွတ်ခဲ့ရတဲ့မုန်းမြို့အနီးမှာတည်ရှိတယ်။ဒီတစ်ခေါက်လဲKNU/PDFအဖွဲ့တွေနတ်သံကွင်းမြို့ကိုဘယ်လောက်ထိထိန်းထားနိုင်မလဲ။မြောက်ပိုင်းလိုအပြီးမသိမ်းနိုင်ပဲရန်သွားစခြင်းဟာဒေသခံပြည်သူတွေကိုပဲထိခိုက်စေလိမ့်မယ်။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...