ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းမြို့တော် မြောက်ဦးမြို့မှာအရပ်သားတွေကိုပစ်မှတ်ထားပြီး စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၍ အရပ်သားတစ်ဦးထပ်မံသေဆုံးပြီး နှစ်ရက်အတွင်း စစ်ကောင်စီတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရပ်သား လေးဦးအထိ ရှိလာပြီဖြစ်တယ်။
ပြီးခဲ့တဲ့ရက်တွေအတွင်းရက္ခိုင့်တပ်တော် (AA)က မြောက်ဦးမြို့မရဲစခန်း၊ သူတော်မတောင်စခန်းနှင့် မြောင်းဘွေရဲစခန်းတို့ကို တိုက်ခိုက်ခဲ့ပြီးနောက်စစ်ကောင်စီရဲ့ မြောက်ဦးမြို့အခြေစိုက် တပ်ရင်းတွေက လက်နက်ကြီးများဖြင့် အရပ်သားနေထိုင်ရာ နေရာများကို ပစ်ခတ်ခဲ့ရာ အရပ်သား ၁၃ဦး ဒဏ်ရာရခဲ့ပြီး ယင်းတို့ထဲမှ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်။ မြောက်ဦးမြို့ကတိုက်ပွဲတွေအတွင်း သူတော်မတောင်စခန်းကိုAAကသိမ်းပိုက်ရရှိခဲ့ပြီးမြောင်းဘွေရဲစခန်းမှရဲတပ်ဖွဲ့ဝင်များလက်နက်ချအညံ့ခံခဲ့တယ်လို့သိရတယ်။ထိုကဲ့သို့သူတို့ရဲ့တပ်စခန်းတွေကျကုန်တာကြောင့်စစ်ကောင်စီတပ်တွေဟာတိုက်ပွဲတွေနဲ့မဆိုင်တဲ့အရပ်သားနေရာတွေသာမကပဲမြောက်ဦးမြို့ရှိရှေးဟောင်းယဉ်ကျေးမှုနယ်မြေကိုပါလက်နက်ကြီးများနဲ့ဆက်လက်တိုက်ခိုက်နေပါတယ်။မြောက်ဦးမြို့ဟာရခိုင်လူမျိုးတွေရဲ့ရှေးဟောင်းယဉ်ကျေးမှုမြို့တော်ဖြစ်ပြီးယူနက်စကိုဝင်ဖို့ကြိုးစားနေတဲ့ဒေသဖြစ်တယ်။စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြောက်ဦးမြို့ရှိ ရှေးဟောင်းပြတိုက်နှင့် စေတီပုထိုးများနှင့်နေအိမ်အချို့ ထိမှန်ပျက်စီးမှုများရှိခဲ့တယ်။မြောက်ဦးမြို့ရှိ ရှေးဟောင်းစေတီတော်များအား ပစ်ခတ်ဖျက်ဆီးခြင်းသည် ရခိုင်တိုင်းရင်းသားတို့၏ နှလုံးသားတည့်တည့်ကို ချိန်ရွယ်ပစ်ခတ်ခြင်းဖြစ်တယ်လို့ရခိုင်လူမျိုးတွေကယူဆနေကြတယ်။သူတို့ဒီလိုလုပ်လေ၊အေအေကမီးကုန်ယမ်းကုန်တိုက်ခိုက်လေပဲ။
စစ်ကောင်စီဟာ စိတ်ဓာတ်ပျက်စီးယိုယွင်းကာ တိုက်ရည်ခိုက်ရည်ကျဆုံးလျက်ရှိပြီး စစ်မြေပြင်၌ အထိနာနေသည့်စစ်ကောင်စီတပ်သည်ပြည်သူလူထုကိုသာအဓိကထားပြီးဦးတည်တိုက်ခိုက်သည့်အလုပ်ကိုသာ လုပ်ဆောင်လျက်ရှိကြောင်း မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ကနဦးကတည်းက ထုတ်ပြန်ထားတယ်။