စစ်ပြေးတွေစစ်တပ်ထဲပြန်လာရင်ပြစ်ဒဏ်တွေလွတ်ငြိမ်းခွင့်ပြုမယ်လို့ကြေညာခဲ့တဲ့စစ်ကောင်စီဟာဘယ်စစ်ပြေးမှပြန်ဝင်မလာလို့အကျဉ်းထောင်းတွေထဲကပြစ်ဒဏ်ကျနေတဲ့စစ်သားတွေကိုရာထူးတဆင့်မြင့်နဲ့ရှေ့တန်းပို့ဖို့ခေါ်ထုတ်နေတယ်လို့သိရတယ်။စစ်တပ်ဟာဘယ်လိုပဲဟန်ဆောင်ဖုံးဖိနေသော်ငြားသူတို့မှာအင်အားလျော့နည်းလာပြီးစစ်အင်အားလိုအပ်ချက်မြင့်မားလာတာတိုက်ပွဲဝင်စိတ်ဓါတ်ပျောက်ဆုံးနေတာသူတို့လုပ်ရပ်ကအထင်သားပေါ်လွင်မြင်သာနေတယ်။တနိုင်ငံလုံးအကျဉ်းထောင်ထဲရှိနေတဲ့စစ်ပြေးရဲပြေးအပါအဝင်ရာဇဝတ်မှုနဲ့ထောင်ကျနေတဲ့ရဲစစ်သားတွေကိုလွတ်ငြိမ်းနဲ့အတူတဆင့်တိုးရာထူးပေးစစ်တပ်ထဲပြန်ခေါ်လိုက်တာတွေကသူတို့မှာစစ်အင်အားလိုအပ်ချက်တွေဘယ်လောက်မြင့်နေလဲမြင်နိုင်တယ်။ဒီတိုင်းဆိုစစ်ပြေးရဲပြေးတွေဘဝကဝဋ်လည်ပြီလို့ ပြောလို့ ရနိုင်ပါတယ်။စစ်သား ရဲ ဖြစ်နေချိန် အရပ်သားတွေကိုပေါ်တာဆွဲခဲ့တဲ့ဝဋ်တွေက အခုဆိုရင်သူတို့ကို စစ်တပ်က စကားလှအောင်ပြောတရားဝင်ပေါ်တာပြန်ဆွဲတာဖြစ်တယ်။စစ်တပ်ထဲရဲထဲမှာမနေချင်လို့ထောင်ကျမယ်သိရက်နဲ့ပြေးခဲ့ကြသူတွေကဒီနေ့လိုရှေ့တန်းမှာအတုံးအရုန်းသေမယ်ဆိုတာသိချိန်ဘယ်သူကစစ်ထဲဝင်ပီးအသေခံစစ်မှုထမ်းမှာလဲ။အရင်ရက်တွေကချင်းပြည်နယ်ထဲတပ်ရင်းကနေအိန္ဒိယထဲပြေးတဲ့စစ်သားတွေကိုအိန္ဒိယကပြန်လွှဲပေးပြီးနောက်ချက်ချင်းစစ်ရုံးမတင်ပဲတာဝန်ပြန်ထမ်းဆောင်ခိုင်းထာကြည့်ရင်စစ်တပ်ဟာစစ်သားလိုအပ်ချက်အဆမတန်များပြားလာတာကြောင့်စစ်တပ်ပေါ်သစ္စာဖောက်သွားတဲ့အကျင့်ပျက်စစ်သားတွေကိုတောင်အရေးမယူနိုင်ဖြစ်လာတဲ့အထိကိုအင်အားနည်းနေတာ မြင်နိုင်တယ်။စစ်အင်အားလိုအပ်ချက် မြင့်လာပြီးတိုက်ပွဲဝင်စိတ် ပျောက်နေတဲ့ဒီစစ်တပ် ဘယ်လောက် တောင့်ခံမလဲကြည့်ရမယ်။
ဒီဇင်ဘာ ၁၃၊ ၂၀၂၄။ (သောကြာ)
ရှမ်းမြောက်ကတော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေတရုတ်ဖိအားကြောင့်ငြိမ်နေရချိန်မှာ မြန်မာနိုင်ငံတဝှမ်းစစ်ကောင်စီကိုဒေသအလိုက်တိုက်ပွဲတွေဆက်လက် ဖော်ဆောင်နေတာအားရဖို့တော့ကောင်းပါတယ်။ရှမ်းမြောက်က၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းဟာစက်တင်ဘာလလောက်ကတည်းက...