စက်သုံးဆီတင်သွင်းနေတဲ့လုပ်ငန်းရှင်ကြီးတွေကိုစစ်ကောင်စီကဗဟိုဘဏ်သတ်မှတ်ဈေးတစ်ဒေါ်လာ၂၁၀၀ကျပ်နဲ့ရောင်းမပေးတော့ဘူးလို့သိရတယ်။ဒါ့ကြောင့်စက်သုံးဆီတင်သွင်းမယ့်လုပ်ငန်းရှင်တွေဟာတင်သွင်းမယ့်ဒေါ်လာသန်းချီကိုအပြင်ပေါက်ဈေး၃၅၀၀ကျပ်ခန့်နဲ့ကိုယ့်ဘာသာကိုယ်ရှာရမယ့်သဘောဖြစ်နေတယ်။ဒါ့အပြင်စစ်ကောင်စီဟာသူတို့ထိန်းချုပ်ထားတဲ့ဒေါ်လာဈေးကိုလွတ်ပေးလိုက်ပြီးလို့မနေ့ကကြေငြာလိုက်ပါတယ်။အပြင်ဈေးကွက်မှာကြိုက်ရောင်းကြိုက်ဝယ်လုပ်နိုင်တဲ့သဘောပေါ့။ဒါပေမယ့်ဒေါ်လာဈေးကိုအလုံးစုံလွတ်ပေးတာမျိုးလဲမဟုတ်ပြန်ဘူး။ပို့ကုန်ကရတဲ့ဝင်ငွေရဲ့၃၀ရာခိုင်နှုန်းကိုသူတို့သတ်မှတ်ထားတဲ့၂၁၀၀ကျပ်ဈေးနဲ့ဗဟိုဘဏ်ကိုမဖြစ်မနေပေးသွင်းနေရဦးမယ်။ပို့ကုန်လုပ်ငန်းရှင်တွေဆီကရသလောက်ညှစ်ယူဦးမယ့်သဘောပဲ။ဘယ်လိုပဲထုတ်ပြန်ချက်တွေထုတ်နေပါစေဘက်ပေါင်းစုံကထိုးနှက်ချက်တွေရင်ဆိုင်နေရတဲ့စစ်ကောင်စီဟာအမေရိကန်ဒေါ်လာအရောင်းအဝယ်အတွက်ရည်ညွန်းဈေးသတ်မှတ်ပေးတဲ့အလုပ်ကိုအာဏာသိမ်းပီး၃နှစ်အကြာမှာလက်လျှော့လိုက်ပါပြီ။ဈေးကွက်မှာဖြစ်ချင်ရာဖြစ်စေတော့ဆိုတဲ့သဘောပဲ။သူတို့မှာထုတ်ရောင်းစရာလဲမရှိတော့ဘူး။ပြီးခဲ့တဲ့ရက်တွေကစက်မှုဇုန်လုပ်ငန်းရှင်တွေကိုစက်သုံးဆီခွဲတမ်းမပေးနိုင်တော့ဘူးလို့ပြောခဲ့တာတောင်သိပ်မကြာသေးဘူး။အခုတော့စစ်တပ်ထောက်ခံသူတွေအထူးသဖြင့်စက်သုံးဆီတင်သွင်းသူတွေကိုတောင်ဒေါ်လာရောင်းမပေးနိုင်တော့ဘူးလေ။ဒါဟာအဆုံးသတ်နီးလာပြီဆိုတဲ့လက္ခဏာပဲ။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...