ပဲခူးတိုင်းအရှေ့ခြမ်းကျောက်ကြီးမြို့နယ်၊မုန်းမြို့ကိုKNUနဲ့PDFပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။မုန်းမြို့ပေါ်ရှိစစ်ကောင်စီခြေလျင်တပ်ရင်းနှစ်ခုအပါအဝင်မြို့မရဲစခန်းနဲ့တံတားထိပ်ဂိတ်စတဲ့စစ်ကောင်စီတပ်စွဲရာနေရာအားလုံးကိုရှင်းလင်းနိုင်ခဲ့တဲ့အတွက်မြို့ကိုအပီးသိမ်းလိုက်နိုင်ပီပေါ့။မြို့သိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားတစ်ရာခန့်ကိုသုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီးကတပ်ရင်းမှူးအပါအဝင်အများအပြားလက်နက်ချခဲ့ကြတယ်။အခုလောလောဆယ်မှာတော့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကအင်အား၁၅၀၀ခန့်နဲ့နယ်မြေရှင်းလင်းရေးလုပ်နေတယ်။စစ်ကောင်စီဘက်ကလဲမုန်းမြို့ကိုပြန်လည်ရရှိရေးအတွက်ရန်ကုန်တိုင်းအတွင်းကအင်အားတွေဆင့်ခေါ်ထားပြီးစစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်။ဒါပေမယ့်ထိုဒေသဟာKNUစိုးမိုးနယ်မြေဖြစ်နေပြီဖြစ်တာကြောင့်စစ်ကောင်စီအနေနဲ့မြို့ကိုပြန်လည်ရရှိဖို့တော့မျှော်လင့်ချက်သိပ်မရှိပါဘူး။အခုချိန်ထိလဲတနိုင်လုံးမှာဆုံးရှုံးသွားတဲ့မြို့တွေကိုတမြို့မှပြန်လည်သိမ်းယူနိုင်တာမတွေ့သေးဘူး။
မုန်းမြို့ဟာမြန်မာပြည်တောင်ပိုင်းမှာအကြီးဆုံးလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့KNUရဲ့ပထမဆုံးသိမ်းပိုက်နိုင်သောမြို့တစ်ခုဖြစ်တဲ့အပြင်ပဲခူးတိုင်းထဲမှာပထမဆုံးဈေးဦးပေါက်တဲ့မြို့ဖြစ်တယ်။လတ်တလောမှာလဲKNUဟာကရင်ပြည်နယ်ကော့ကရိတ်မြို့ကိုသိမ်းပိုက်နိုင်ရေးဆက်လက်တိုက်ခိုက်လျက်ရှိတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


