ရှမ်းပြည်နယ်မြောက်ပိုင်း၊တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့မူဆယ်မြို့ပတ်ဝန်းကျင်မှာတိုက်ပွဲတွေတစတစပိုမိုပြင်းထန်လာနေပါတယ်။၊ ဒီနေ့လဲ၁၀၅မိုင်ကုန်သွယ်ရေးဇုန်ကကုန်ကားဝန်းအတွင်းကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ကုန်တင်ယာဉ် အစီး ၁၀၀ နီး ပါး မီးလောင်းကျွမ်းပျက်စီးခဲ့တယ်။ကား၀င်းအတွင်းသို့ လက်နက်ကြီး ငါးလုံးခန့် ကျရောက်ပေါက် ကွဲပြီး ကုန်တင်ယာဉ် ငါး စီးခန့် စတင်မီးလောင်ကျွမ်းခဲ့ရာမှ ကုန်တင်ယာဉ် ရာဂဏန်းအထိ မီးလောင်ကျွမ်းခဲ့ပြီး ညနေ မှ မီးထိန်းနိုင်ခဲ့တယ်။ထိုကား၀င်းဟာ တရုတ်နိုင်ငံမှ တင်သွင်းသော သွင်းကုန်ပစ္စည်းများ တင်ဆောင်ထားသည့် ကုန်တင်ယာဉ်များ ရပ်နားရာ ကား၀င်းဖြစ်တဲ့အတွက်တရုတ်နိုင်ငံသားပိုင်ကုန်ကားတွေပါမီးလောင်ပျက်စီးကုန်တယ်။မီးလောင်ကျွမ်းခဲ့သည့် ကုန်တင်ယာဉ်တစ်စီးလျှင် တန်ဖိုးငွေ ကျပ်သိန်း ၃၀၀၀ မှ ကျပ်သိန်း၅၀၀၀ နီးပါးရှိ ပါတယ်။အဆိုပါ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမီး လောင်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ၎င်းတို့လုပ် ရပ်မဟုတ်ဟု ငြင်းဆိုထားသော်လည်း နို၀င်ဘာ ၂၂ ရက်နေ့ ညပိုင်းကတည်းက ကားဝန်းအနီးသို့ TNLA နှင့်ပူးပေါင်းအဖွဲ့များရောက်ရှိနေသည်ဟုဆိုကာ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့် ရုပ်သံဖိုင်ကို လူမှုကွန်ရက်တွင် ဒေသခံ ပြည်သူများတင်ထားသေးတယ်။အဲ့ဒီတော့စစ်ကောင်စီလက်ချက်ဆိုတာငြင်းမရနိုင်ဘူး။ဒီဖြစ်ရပ်ကြောင့်တရုတ်ကုန်ကားတွေပျက်စီးသွားလို့တရုတ်ပြည်သူတွေရဲ့အကျိုးစီးပွားတွေပါလာတဲ့သဘောပဲ။စစ်ကောင်စီကတော့တရုတ်ကိုဆက်တိုက်ရန်စနေသလိုဖြစ်နေပြီလေ။
MNDAAအဖွဲ့ကလဲနောက်ထပ်တရုတ်နယ်စပ်မြို့တစ်ခုဖြစ်တဲ့လောက်ကိုင်မြို့အချိန်မရွေးဝင်တိုက်ဖို့ပြင်ဆင်နေပါပြီ။လောက်ကိုင်မြို့နားစစ်တပ်စခန်းတွေကိုတစ်ခုပြီးတစ်ခုသိမ်းပြီးနောက်အခုဆိုမြို့ကိုပတ်ပတ်လည်ဝိုင်းထားနိုင်ပြီ။မြို့ထဲမှာတော့ပြည်သူသောင်းနဲ့ချီပြီးပိတ်မိနေဆဲပဲ။ဘယ်လိုဖြစ်လာမလဲဆိုတာတော့စောင့်ကြည့်ရမှာပဲ။
စက်တင်ဘာ ၂၃၊ ၂၀၂၄။ (တနင်္လာ)
တရုတ်ကြားခံငြိမ်းချမ်းရေးဆွေးနွေးပေးရန် MNDAAတောင်းဆိုပြီး ၃ရက်အကြာ စစ်ကောင်စီက လားရှိုးမြို့ကို...