Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၇ နိုဝင်ဘာ၂၀၂၃)

December 4, 2023
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

အမျိုးသားညီညွတ်ရေးအစိုးရ
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ဝေလူးကျေးရွာ၊ ရွာအလယ်ကို အကြမ်းဖက်စစ်တပ်က တိုက် လေယာဉ်နှစ်စီးနှင့် တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ အကြောင်းမဲ့ ဗုံးကြဲ ပစ်ခတ်မှုကြောင့် ကလေးငယ် (၈) ယောက် အပါအဝင် ပြည်သူ (၁၁) ယောက် သေဆုံးခဲ့ကြောင်း လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာန က ထုတ်ပြန်သည်။

စစ်ရှိန်မြှင့်သည့် နေရာများတွင် ပြည်သူလူထု အထိအခိုက်လျော့နည်း‌ရေးအတွက် ပြည်သူလူထု လက်စွဲအား မြေပြင်ကို ကျယ်ပြန့်စွာရောက်ရှိရေး စီမံဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြားသည်။
Non-CDM ဝန်ထမ်းတွေ အမျိုးသားညီညွတ်ရေးအစိုးရက ပေးအပ်တဲ့ နောက်ဆုံးအခွင့်အရေး အနေဖြင့် ပြည်သူလူထုဘက်က ရပ်တည်ကြရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက တည်ဆဲ ဥပဒေများ အရ ပြင်းထန်စွာ အရေးယူဆောင်ရွက်ခြင်းကို မလွဲမသွေ ခံယူရမည်ဖြစ်ကြောင်း ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန် ကြေညာ လိုက်သည်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ကြောင့် မီးဘေးသင့်ကျေး ရွာများနှင့် ရေရှည်စစ်ဘေးရှောင်နေရသည့်ပြည်သူများကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း ဘုတလင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားနေပြီး အရပ်သားထိခိုက်မှုရှိနေသည့် မတ္တရာမြို့နယ်တွင် ဒေသခံပြည်သူများ လိုက်နာရ မည့်အချက် (၇)ချက်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့(မတ္တရာ)က ယမန်နေ့နိုဝင်ဘာ ၁၆ရက်တွင် အသိပေးထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်က အကြမ်းဖက် စစ်တပ်၏ စခန်းတခုကို KNLAနှင့် BPLAပူးပေါင်း တပ်က  တိုက်ခိုက်သိမ်းပိုက်ရ ရှိခဲ့ကြောင်း ဗမာပြည်သူ့လွတ် မြောက်ရေးတပ်တော်(BPLA)က ထုတ်ပြန်သည်။
စစ်ကိုင်းတိုင်းလွှတ်တော်၊ တနင်္သာရီတိုင်း လွှတ်တော်နှင့် မကွေးတိုင်းလွှတ်တော်တို့၏ ကြိုးပမ်း ဆောင်ရွက်ချက်များကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း NLD ဗဟိုအလုပ်ကော်မတီက ကြေညာ ချက်ထုတ်ပြန်သည်။
စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ မင်းကွန်း‌ကျေးရွာရဲစခန်းအနီး နေထိုင်ကြသူများ နို၀င်ဘာလ ၁၉ ရက်နေ့မတိုင်မီ အခြားနေရာများသို့ ပြောင်းရွှေ့ပေးရန် မင်းကွန်း PDF က အသိပေးသတင်း ထုတ်ပြန်သည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ မန္တာကျေးရွာမှပျူစောထီးများနှင့် မိသားစုများ ဂန့်ဂေါခရိုင် တပ်ရင်း (၆)ရင်းထံ အလင်းဝင်ရောက်လာကြောင်း အမှတ်(၁၄)တပ်ရင်း၊ ဂန့်ဂေါခရိုင်က ထုတ်ပြန်ထားသည်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ၊အောင်ကန်သာရွာတွင် နိုဝင်ဘာလ ၁၆ရက်နေ့က လက်ဖက်ရည်ဆိုင် အတွင်းရှိ ဒေသခံ ၁၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ပစ်သတ်သွားသည်ဟု ပြည်သူ့ကာကွယ်ရေး အဖွဲ့-မတ္တရာမြို့နယ်က သတင်းထုတ်ပြန်သည်။
ရိုဟင်ဂျာမွတ်စလင်တို့အပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် မြန်မာအပေါ် ဂမ်ဘီယာနိုင်ငံက စွဲဆိုထား သည့် အမှုနှင့် ပတ်သက်သည့် ဥပဒေ အပိုဒ်ခွဲ ၆၃ အောက်၌ တရားစွဲဆိုမှုတွင် ဂမ်ဘီယာ ဘက်မှ နေပြီး ကြားဝင်ဆောင်ရွက်ကြောင်း ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ယူကေ (ပူးတွဲ) နှင့် မော်လဒိုက်တို့က ထုတ်ပြန်ကြေညာသည်။
ချင်းပြည်နယ် ၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ် နယ်စပ်ရှိ ဝေလူးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကလေးငယ် ရှစ်ဦး အပါအဝင် ၁၁ ဦးသေဆုံးပြီး အမျိုးသမီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်က မြို့ပေါ်သို့ လေကြောင်းဖြင့် အဆက်မ ပြတ် တိုက်ခိုက်နေမှုများကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်သို့ စစ်ဘေးတိမ်း ရှောင်ကြသူများသည် တောင်ကြီးဒေသခံများက တည်းခိုနေထိုင်ခွင့်မပြု၊ လက်မခံသောကြောင့် လှည့်ပြန်နေကြရကြောင်း စစ်ရှောင်များမှ မဇ္ဈိမကိုပြောသည်။
တော်လှန်ရေးအားကောင်းလာသည့်ဒေသများတွင် ဘဏ်အချို့ပိတ်သိမ်း​နေကြကြောင်း ဘဏ် ဝန်ထမ်းများနှင့် ဒေသခံများထံမှသိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နှင့် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုံကြားတွင် မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့နှင့်စစ်ကောင်စီ ယနေ့ (နိုဝင်ဘာလ ၁၇ရက်) နံနက်က တိုက်ပွဲပြင်းထန်နေကြောင်း အဆိုပါ မြို့ခံများက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများကြောင့် တရုတ်နိုင်ငံထဲ ဝင်ရောက်ခိုလှုံလာသည့် မြန်မာ စစ်ဘေးရှောင်များကို စောင့်ရှောက်ပေးထားကြောင်း တရုတ်နိုင်ငံခြားရေးပြောခွင့်ရ Mao Ning ၏ ပြောဆိုချက်အရ သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့အနီး၊ ကိုးကန့် တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်၏ ခုတ်ထန်စခန်းအား ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်နေ့က မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)မှ ထပ်မံသိမ်းယူခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ချင်းပြည်နယ်၊ ဖလမ်းမြို့ အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းမှ ရဲတပ်ကြပ်ကြီး နှစ်ဦး၊ တပ်ကြပ် နှစ်ဦး နှင့် တပ်သား တဦး စုစုပေါင်း ငါးဦး သည် နိုဝင်ဘာလ ၁၄ ရက် က ချင်းအမျိုးသား တော်လှန်ရေးတပ်ဖွဲ့ (CNDF) ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။
နိုင်ငံရေး၊စစ်ရေးအရ ဆောက်တည်ရာမဲ့နေသည့် အာဏာသိမ်းစစ်ကောင်စီအနေဖြင့် မဝေးတော့သည့် ကာလ၌ စစ်ရေးအရ ပိုပြင်းထန်သည့် လှိုင်းကို ကြုံရတော့မည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။

စစ်ကောင်စီ

မတည်ငြိမ်သေးသည့် မြို့နယ်များတွင် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သည့် လုံခြုံရေးတပ်ဖွဲ့ ဖွဲ့စည်း ဆောင်ရွက်နေရခြင်း ရှိကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်​ကောင်စီ ဝါဒဖြန့် မြဝတီရုပ်သံတွင် နိုဝင်ဘာလ ၁၆ ရက်နေ့က ​ပြောဆိုခဲ့သည်။
ရှမ်းပြည်နယ်(အရှေ့မြောက်)ပိုင်းရှိ အချို့သော စစ်ကောင်စီတပ်စခန်းတွေကို ပြောင်းလဲလာသည့် စစ်နည်းဗျူဟာများအရ Drone အသုံးပြုပြီး တိုက်ခိုက်ခံရမှုကို အမြန်ဆုံး ထိရောက်စွာ ကာကွယ် နိုင်ရန်ဆောင်ရွက်နေကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ ၁၅ ရက်နေ့ကပြောသည်။
ရန်ကုန်သီလဝါဆိပ်ကမ်းဒေသကြီးရှိ စက်သုံးဆီ Terminal များသို့ ပြည်ပမှ စက်သုံးဆီ တင် သင်္ဘော များ အဆက်မပြတ်ရောက်ရှိပြီး စက်သုံးဆီများဖြည့်တင်းလျက်ရှိတာကြောင့် လိုသ လောက် ဝယ်၍ရကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
ကိုးကန့်မှာ ဖမ်းဝရမ်းထုတ်ထားသူ ၄ ဦးအနက် ၃ ဦးကို ဖမ်းမိပြီး တရုတ်ကို လွှဲပြောင်းပေးလိုက် ပြီဖြစ်ကြောင်း စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။
လူမှုကွန်ရက်စာမျက်နှာများနှင့် အင်တာနက် Website များတွင် ဘဏ်များရှိ အပ်ငွေစာရင်းများမှ ငွေသားထုတ်ယူခြင်းများကို ကန့်သတ်နေသည့် သတင်း ထုတ်ပြန် ချက်များသည် မဟုတ်မမှန် သောသတင်းမှားများသာ ဖြစ်ပြီး အချို့ပုဂ္ဂလိက ဘဏ်များတွင် ဝန်ထမ်းများကို လစာများကြိုတင် ထုတ်ပေးကြောင်း သတင်းများသည် လည်း သတင်းမှားများသာ ဖြစ်ကြောင်း ဗဟိုဘဏ်က ပြောသည်။
သစ်တောဦးစီးဌာနပိုင်မြေများတွင် ခွင့်ပြုပေးခဲ့သည့် ပုဂ္ဂလိက ကျွန်းစိုက်ခင်းဧက ကိုးသောင်း ကျော် ကို ပြန်လည်သိမ်းဆည်းထားကြောင်းစစ်ကောင်စီ သစ်တောဦးစီးဌာနကနေ သိရသည်။

နိုဝင်ဘာ ၁၇ သုံးသပ်ချက်

ဗဟိုဘဏ်မှ လက်ရှိဖြစ်ပေါ်နေသည့် သတင်းများသည် သတင်းအမှားများသာဖြစ်ကြောင်း ပြောဆိုနေ သော်လည်း ‌မြေပြင်လက်တွေ့တွင် ငွေထုတ်ယူခွင့် ပမဏ ကန့်သတ်တာမျိုးများ ရှိနေသည့်အတွက် စစ်ကောင်စီနှင့်အပေါင်းအပါ အုပ်စုသည် ပြည်သူကို နည်းပေါင်းစုံဖြင့် လိမ်လည် နေသည်ကို တွေ့ရသည်။
စစ်တပ်သည် Standard Army ဟု အမြဲကြွေးကြော်နေသော်လည်း တကယ်တမ်းတော့ ခေတ်မမီသည့် အပြင်အဆင်နှင့် ခေတ်မမီသည့် အတွေးအခေါ် ခေတ်မမီသည့် ဗျူဟာများကို သုံးနေဆဲဖြစ်သည့်အတွက် လက်နက်ခဲယမ်း လက်ရည်တူရှိသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်တွေ့သည့်အခါတွင် အသေများပြီး တပ်ပျက်နေသည်ကို တွေ့ရသည်။
SOURC – MIZZIMA

 

Related Posts

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။
သတင်း

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။

August 9, 2025

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယခုရက်ပိုင်း...

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English