ရန်ကုန်ရှိ မြို့နယ်အချို့မှာယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က လူငယ်များကို အကြောင်းမျိုးစုံပြဖမ်းဆီး
မှုများပိုလုပ်လာနေတယ်။။ဖြစ်စဉ်တချို့မှာ စစ်ကောင်စီတပ်၊ရဲ နှင့် စစ်ကောင်စီအုပ်ချုပ်ရေးမှူး အဖွဲ့များက ဖမ်းဆီးပြီးငွေညှစ်သလို ၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်းလည်းရှိနေတယ်။ပြီးခဲ့သည့် ရက်ပိုင်းကလဲ ရွှေပေါက်ကံမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှိ စားပွဲထိုးဝန်ထမ်း လူငယ်လေးများအား စစ်တပ်က ဖမ်းဆီးစစ်ဆေးမည် ဟု ဆိုကာ ငွေညှစ်မှုများ ပြုလုပ်ခဲ့တယ်။ဆိုင်ရှင်က တစ်ယောက်ကို ၅ သောင်းနဲ့ သွားပြန်ရွေးရတယ်လို့ ကြားတယ်။ ဘာပြစ်မှုမှလည်း မရှိဘဲ သက်သက်ကြီး ငွေညှစ်ချင်လို့ကို ဖမ်းနေတာပဲ။
ထိုအပြင်မြို့စွန်း မြို့ဖျားရပ်ကွက်များတွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် လူငယ်များကို ဖမ်းဆီးခေါ်ဆောင်ကာပေါ်တာဆွဲနေတယ်လို့သတင်းတွေထွက်နေတယ်။လူငယ်များကို ဖမ်းဆီးခေါ်ဆောင်ရန် မြို့နယ်တစ်မြို့နယ်လျှင် ဘယ်နှစ်ယောက်စုရမည်ဆိုသောခွဲတမ်းပင်ရှိတယ်လို့ကြားတယ်။စစ်သားတွေကဘက်စ်ကားတွေထဲအထိဝင်စစ်တာရှိတယ်။မသင်္ကာရင်ဖမ်းခေါ်သွားတယ်။
သာကေတ၊ အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်၊ ဒဂုံဆိပ်ကမ်း စတဲ့ မြို့နယ်များတွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် အုပ်ချုပ်ရေးမှူးများက ဧည့်စာရင်းစစ်မှုများ ဆက်တိုက်ပြုလုပ်နေပြီး မှတ်ပုံတင်မရှိသည့် လူငယ်များကို ဖမ်းဆီးငွေညှစ်မှုများလည်း ပြုလုပ်နေတယ်။ ဧည့်စာရင်း မတိုင်ရင်ရဲစခန်းခေါ်ပြီး ဒဏ်ကြေးဆိုပြီး ပေါ်တင် ပိုက်ဆံတောင်းတယ်။အနည်းဆုံးတစ်ယောက်ကိုတစ်သိန်းလောက်ပေးနေရတယ်။ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်စာမျက်နှာတွင်လည်း လူပျောက်ကြော်ငြာများ ယခင်ထက် ပိုမိုများပြားလာပြီး ပျောက်ဆုံးနေသူများသည်လူငယ်အများစုဖြစ်နေတယ်။အခုဆိုည၈နာရီလောက်ဆိုလမ်းပေါ်လူသိပ်မရှိတော့ဘူး။ ပေါ်တာဆွဲတဲ့သတင်းတွေ ကြားနေရတော့ လူတွေအပြင်မထွက်ကြတော့ဘူး။
နိုင်ငံတဝန်းတွင်တော်လှန်ရေးအဖွဲ့များကမြို့သိမ်းတိုက်ပွဲများဖော်ဆောင်လာသည့်အတွက်စစ်ကောင်စီတပ်မှာထိခိုက်သေဆုံးမှုများပြားသလိုတော်လှန်ရေးအင်အားစုများထံလက်နက်ချက်သူ၊အလင်းဝင်သူများလည်းများပြားနေတာကြောင့် စစ်ကောင်စီက တပ်ဖွဲ့ဝင် ပြန်လည်ဖြည့်တင်းရန်အတွက် လူငယ်များကို ပေါ်တာဆွဲမှု ဖြစ်နိုင်တယ်။အမျိုးအဆွေမရှိတဲ့ လူငယ်တွေ ဆို ပျောက်သွားရင်လည်း ဆက်သွယ်ရတဲ့ ခက်တဲ့သူတွေကို ဖမ်းနေတာလို့ ကြားရတယ်။ ဘာပဲဖြစ်ဖြစ် လူငယ်တွေအနေနဲ့ စစ်ကောင်စီဝင်နဲ့ နီးတဲ့နေရာကို ရှောင်ရှားသွားလာမျိုးတွေ လုပ်သင့်တယ်။