ရခိုင်ပြည်နယ်မှာလဲအေအေကဒီနေ့စစ်မျက်နှာထပ်ဖွင့်လိုက်ပါပြီ။ဒီနေ့မနက်မှာပဲချင်း-ရခိုင်နယ်စပ် ပလက်၀မြို့နယ်ရှိ စစ်ကောင်စီ အခိုင်အမာနေရယူထားသော တရွန်အိုင်ဗျူဟာ နှင့် နှုံးဘူးဗျူဟာ အထိုင်ချ ဗျူဟာတပ်စခန်း နှစ်ခုအား ၁၀၂၇ စစ်ဆင်ရေး၏ အစိတ်အပိုင်းအဖြစ် ရက္ခိုင့်တပ်တော်(AA)မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်။ရခိုင်ပြည်နယ်ထဲမှာလဲ ရသေ့တောင်၊ မောင်တောနှင့် မင်းပြားမြို့နယ်ရှိ နေရာ(၅)ခုတွင်တိုက်ပွဲများဖြစ်ပွားနေပြီးရသေ့တောင်မြို့နယ်ရှိဒုံးပိုက်နယ်ခြားစောင့်တပ်စခန်းနှင့်ချိန်ခါလီနယ်ခြားစောင့်တပ်စခန်းအားသိမ်းပိုက်နိုင်ခဲ့တယ်။ဒီနေ့တိုက်ပွဲတွေအတွင်းမှာပဲစစ်ကောင်စီဘက်ကလက်နက်ချအလင်းဝင်သူတွေအများအပြားရှိနေတယ်လို့သိရတယ်။လက်နက်မချပဲစခန်းကိုလက်လွတ်ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေလဲရှိနေတယ်။ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေပြန်ဖြစ်လာတော့မှာသိနေပေမယ့်အခုလောက်ထိမြန်လိမ့်မယ်လို့တော့ထင်မထားဘူး။စစ်ကောင်စီဘက်ကတော့တကျော့ပြန်ဖြစ်လာမယ့်တိုက်ပွဲတွေအတွက်ရခိုင်ပြည်နယ်ထဲမှာသေချာပြင်ဆင်ထားတာကိုတွေ့ရတယ်။
မြန်မာပြည်အောက်ပိုင်းမွန်ပြည်နယ်ဘက်မှာလဲကျိုက်မရောမြို့နယ်၊ချောင်းနှစ်ခွသို့စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏တပ်မ(၂၂)လက်အောက်ခံအင်အား၅၀ဦးပါစစ်ကြောင်းမှ၂၃ဦးပြည်သူ့တော်လှန်ရေးအဖွဲ့များထံ လက်နက်ချ အညံ့ခံခဲ့ကြောင်း (NUG) ကဒီနေ့ သတင်းထုတ်ပြန်လိုက်တယ်။ထိုစစ်ကောင်စီတပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်များပြားခဲ့ပြီးတပ်ရင်းမှူးနှင့် အရာရှိ တစ်ဦး အပါအဝင် ၁၄ဦး သေဆုံး၊ အရာရှိတစ်ဦး အပါအဝင် ငါးဦး အရှင်ဖမ်းမိခဲ့ကြောင်းထုတ်ပြန်ထားတယ်။ကရင်နှင့် မွန် ပြည်နယ်ကို ဆက်သွယ်ထားသည့် တံတားဖြစ်သော ချောင်းနှစ်ခွတံတားကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ရေးအရှိန်ဆက်လက်မြှင့်တင်သွားမယ်လို့သိရတယ်။မွန်ပြည်နယ်ထဲမှာလဲတိုက်ပွဲတွေပြင်းထန်လာတဲ့အတွက်အခုဆိုရင်တနိုင်ငံလုံးနီးပါးမှာတိုက်ပွဲတွေပြန့်နှံဖြစ်ပွားနေပါပြီ။