စစ်ကောင်စီ၏ တိုက်ခိုက်ရေးတပ်မတခုဖြစ်သော တပ်မ ၉၉ ၏ တပ်မမှူး ဗိုလ်မှူးကြီးအောင်ကျော်လွင်သည် ရှမ်းပြည်နယ်မြောက်ပိုင်းဖြစ်ပွါးသောပန်လုံဗျူဟာကုန်းတိုက်ပွဲတွင်ကျဆုံးသွားတယ်လို့သိရတယ်။ဒါဟာစစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဆုံးအနေဖြင့် တပ်မမှူး တိုက်ပွဲကျဆုံးသွားခြင်းဖြစ်သည်။
ပန်လုံဗျူဟာကုန်းအား ရခိုင်တပ်တော်မှ စစ်သည်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဗျူဟာကုန်းကိုလဲ သိမ်းပိုက်ရရှိခဲ့တယ်။ ဖမ်းဆီးခံရသော စစ်သုံ့ပန်းများကို ကိုးကားပြီး ရခိုင်တပ်တော်ကလည်း ၉၉ တပ်မမှူး ဒရုန်းမှ ချသော ဗုံးဆန်မှန်ပြီး ကျဆုံးကြောင်း အတည်ပြုထားတယ်။ဒါဟာစစ်တပ်ကအာဏာသိမ်းပြီးနောက် ပထမဆုံးအနေဖြင့်တပ်မမှူးတိုက်ပွဲကျဆုံးသွားခြင်းဖြစ်တယ်။အရင်ကတပ်ရင်းမှုးအဆင့်လောက်ထိကိုကြိမ်ဖန်များစွာကျဆုံးနေပြီးအခုတော့တပ်မမှုးလယ်ပယ်အထိအဆင့်တက်လာပြီ။နောက်တဆင့်ကတော့်တိုင်းမှုးတွေအလှည့်ပဲ။
လောက်ကိုင်ဘက်မှာလဲစစ်ကောင်စီတပ်ရင်းတစ်ခုတပ်ရင်းလိုက်မိသားစုပါလက်နက်ချထပ်အလင်းဝင်လာတယ်။တပ်ရင်းမှုးအပါအဝင်စစ်သားတစ်ရာကျော်နဲ့မိသားစုတွေပါထည့်တွက်ရင်အင်အား၂၀၀ကျော်အလင်းဝင်လာတာပါ။ထိုတပ်ရင်းမှုးကတော့ဦးနှောက်ရှိတယ်လို့ပြောရမယ်။ကိုယ့်လက်အောက်ငယ်သားတွေအပါအဝင်မိသားစုဝင်တွေကိုပါအလကားအသေမခံခိုင်းခဲ့ဘူးလေ။