Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဗကပ၏ ရက်၄၀ကျော်ကြာတိုက်ခိုက်မှု ကာကွယ်နိုင်ခဲ့သည်ဆိုသော ကွမ်းလုံမြို့အားစစ်ကောင်စီတပ်က၁၂ရက်အကြာတွင်လက်လွှတ်ဆုံးရှုံးရ

သံချပ်ကာယာဉ် ၃စီး၊ စစ်ကားများ၊ အတွဲလိုက်ဒုံးနှင့် ဟောင်ဝစ်ဇာအမြောက်များ၊ လက်နက်မျိုးစုံများစွာနှင့် ခဲယမ်းအများအပြားသိမ်းဆည်းရရှိဟု MNDAA ထုတ်ပြန်

November 22, 2023
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

ကွမ်းလုံမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သံချပ်ကာယာဉ်များ၊ အမြောက်များနှင့် လက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိခဲ့မှုအပါအဝင် စစ်ဆင်ရေးဆောင်ရွက်မှုများကို ကိုးကန့်တပ်မတော်(MNDAA)က ယနေ့ညပိုင်း၌ ထုတ်ပြန်ခဲ့ပြီး ၁၂ရက်အတွင်း ကွမ်းလုံမြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အသိပေးသည်။

၁၀၂၇ စစ်ဆင်ရေးဆောင်ရွက်ရာတွင် MNDAA သည် မဟာမိတ်တပ်များနှင့်ပူးပေါင်းပြီး ကိုးကန့် ၊ မုံးကိုး ၊ မူပန်(သိန္နီ)စသည့်နေရာရှိ စစ်ကောင်စီ၏ အရေးကြီးတပ်စခန်းများကို အောင်မြင်စွာတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည့်အပြင် ချင်းရွှေဟော် ၊ မုံးကိုးနှင့် ကွမ်းလုံစသည့်မြို့နယ်များကိုလည်း ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်ခဲ့ကာ အထူးဒေသ(၁)၏ သမိုင်းဝင်အုပ်ချုပ်နယ်မြေများကို ပြန်လည်ထူထောင်နိုင်ခဲ့ကြောင်း ယနေ့ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

စစ်ဆင်ရေး အစိတ်အပိုင်းတစ်ခုဖြစ်သည့် ကိုးကန့်ဒေသတောင်ပိုင်း၊ သံလွင်မြစ်အရှေ့ဘက်ခြမ်းရှိ ကွမ်းလုံမြို့လွတ်မြောက်ရေးတိုက်ပွဲကို နိုဝင်ဘာ ၁ရက်တွင် စတင်ဖော်ဆောင်ခဲ့ရာ ကွမ်းလုံတံတားကို ဦးစွာသိမ်းပိုက်ပြီး မြို့တွင်းရှိရန်သူများကို လျင်မြန်စွာသုတ်သင်ရှင်းလင်းကာစစ်ကောင်စီလက်အောက်ခံ ရဲစခန်း ၊ ယာဉ်ထိန်းရဲများနှင့် မြို့နယ်အုပ်ချုပ်‌ရေးရုံးများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု အသိပေးသည်။

နိုဝင်ဘာ ၂ရက်တွင် စစ်ကောင်စီတပ်စခန်းတစ်ခုကို ထပ်မံသိမ်းပိုက်ပြီး ကွမ်းလုံမြို့ (သံလွင်မြစ်အရှေ့ဘက်ခြမ်း)ကို ထိန်းချုပ်နိုင်ခဲ့သည်ဟု အသိပေးသည်။ထို့နောက် နိုဝင်ဘာ ၆ရက်တွင် ကိုးကန့်(MNDAA)နှင့်မဟာမိတ်အဖွဲ့တို့သည်သံလွင်မြစ်အနောက်ဘက်ခြမ်း၊ကွမ်းလုံ‌မြို့၏မျက်နှာချင်းဆိုင်ဒေသရှိ စစ်ကောင်စီ၏ ဗျူဟာကုန်း နှင့်တပ်စခန်းများကို စတင်ထိုးစစ်ဆင်ခဲ့ရာ ၆ရက်အကြာ ယနေ့ နံနက် ၁၀နာရီ ၁၅ မိနစ်တွင် အပြီးအပိုင် သိမ်းယူနိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။

ယခုအချိန်တွင် ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့တို့သည် ကွမ်းလုံမြို့နယ်တစ်ခုလုံးအတွင်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်အားလုံးကို ရှင်းလင်းနိုင်ခဲ့ပြီး ကွမ်းလုံမြို့ကို လုံးဝထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ထို့ပြင် ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့များ၏ ပူးတွဲဆောင်ရွက်မှုတို့ဖြင့် ကွမ်းလုံ- နန်ဟူ – ချင်းရွှေဟော်-တုန်ရှမ်းဒေသတာတုံအထိ နေရာတကြောလုံးကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း အသိပေးသည်။ကွမ်းလုံမြို့သိမ်းတိုက်ပွဲအတွင်း ကွမ်းလုံဗျူဟာကုန်း၊ ခမရ (၃၁၂) တပ်စခန်း၊ ကွမ်းလုံရဲစခန်း၊ကွမ်းလုံးတံတားဟောင်း၊ ကွမ်းလုံတံတားသစ်နှင့် စစ်ကောင်စီတပ်စခန်းများအား သိမ်းပိုက်နိုင်ခဲ့မှုကို ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။ထို့ပြင် သံချပ်ကာယာဉ် ၃စီး၊ (၁၂၂) မမ အတွဲလိုက်ဒုံး၊ ၁၂၂ မမ ဟောင်ဝစ်ဇာအမြောက်နှင့် စစ်ကားများစွာ ၊ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့မှုကိုလည်း ထုတ်ပြန်ပြသခဲ့သည်။

လွန်ခဲ့သည့်နှစ်ပေါင်း၅၀ကျော်၁၉၇၀ပြည့်နှစ်နောက်ပိုင်းတွင်ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)တပ်များက ကွမ်းလုံကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ရက်ပေါင်း ၄၀ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း စစ်တပ်စခန်းများ မသိမ်းယူနိုင်ခဲ့ဘဲ ဗကပများအရေးနိမ့်ခဲ့သည်။ ထိုစဉ်ကတည်းက ကွမ်းလုံကို စစ်အစိုးရက ထိန်းချုပ်ခဲ့သည်ဟု ဆိုသည်။

ကွမ်းလုံသည် စစ်ရေးမဟာဗျူဟာအရ အလွန်အရေးကြီးသောကြောင့် မြန်မာတပ်မတော်မှ ၎င်းတပ်စခန်းကို အလွန်ခိုင်မာတဲ့ခံတပ်တစ်ခုအဖြစ် အထူးဂရုပြုတည်ဆောက်ခဲ့ကြောင်း၊ယခုတစ်ကြိမ် ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့တို့မှ ကွမ်းလုံဒေသကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သော အောင်မြင်မှုသည် သမိုင်းကြောင်းတွင်အလွန်အရေးကြီးလှသည့်ဖြစ်ရပ်ဖြစ်ကြောင်း MNDAAက ထုတ်ပြန်သည်။

ထို့ပြင် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း အများပြည်သူများကို အန်မတန်အားတက်စေသည့် သတင်းကောင်းဖြစ်ကြောင်းဖော်ပြကာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းမှ အာဏာသိမ်းစစ်ကောင်စီတို့အား သိက္ခာကျအောင်၊ အထိနာအောင် လုပ်ဆောင်နိုင်ခဲ့သော လုပ်ရပ်တစ်ခုလည်းဖြစ်ကြောင်း ဖော်ပြထားသည်။

 

Source-PEOPLE SPRING

Related Posts

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် နေအိမ် ၂၀၀ နီးပါး  မီးရှို့ခံရ ရွာမီးရှို့၊ ပစ်ခတ်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်ရသူများထဲတွင် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟု သိရသည်။
သတင်း

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် နေအိမ် ၂၀၀ နီးပါး မီးရှို့ခံရ ရွာမီးရှို့၊ ပစ်ခတ်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်ရသူများထဲတွင် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟု သိရသည်။

July 6, 2025

ပဲခူးတိုင်း အနောက်ဘက်ခြမ်း၊ သာယာဝတီခရိုင် မင်းလှမြို့နယ်တွင် အင်အားရာနှင့်ချီ...

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ
သတင်း

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ

July 6, 2025

ယခုနှစ်ကုန် ကျင်းပမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ...

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English