မနေ့ကစစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းရှိ စစ်ကောင်စီတပ်၏ အထိုင်စခန်း ၊ရဲစခန်း များစသော စစ်ရေး ပစ်မှတ် ၉ ခုကိုတပြိုင်နက် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်ကဒီနေ့တရားဝင်ထုတ်ပြန်သည်။ ဒါ့အပြင်ရာဇဂြိုလ်အကျဉ်းဦးစခန်း (၁) မှ ရဲနှင့်ဝန်ထမ်း ၂၀ဦးပြည်သူနှင့်ပူးပေါင်းခဲ့တယ်လို့ထုတ်ပြန်ခဲ့သေးတယ်။စစ်ကောင်စီဘက်တော်သားတွေအနေနဲ့အရေးအကြောင်းဆိုရင်အခုလိုဦးနှောက်ရှိဖို့လိုတယ်။မိုက်မိုက်ကန်းကန်းခံတိုက်ရင်တော့အကုန်သေကုန်မှာပဲ။
စစ်ကိုင်းတိုင်းအောက်ဘက်ကနီနှင့် ယင်းမာပင်နယ်မှာလဲ လနှင့်ချီ၍တပ်စွဲထားသော အင်အား ၂၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းဟာ မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ရုတ်တရက် ပြန်ဝင်သွားပြီး ရှမ်းမြောက်ဒေသသို့ စစ်ကူ စေလွှတ်သွားရကြောင်းသိရတယ်။ ရုတ်တရက် ပြန်ထွက်သွားတာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေတောင်နယ်မြေရှင်းလင်းရေးဝင်နေပါပြီ။အဆိုပါစစ်ကောင်စီစစ်ကြောင်းတပ်စွဲထားခြင်းကြောင့်ဒေသခံများဟာကကာလရှည်ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရပြီးအခုဒေသခံများပြန်လည်နေထိုင်ရန်ပြင်ဆင်နေတယ်။စစ်ကောင်စီစစ်ကြောင်းသုံးလခန့်တပ်စွဲခဲ့သည့်ရွာများသည်အလွန်အမင်းပျက်စီးနေပြီး ရေစက်၊ ပန်ကာကဲ့သို့ အိမ်သုံးပစ္စည်းများကိုပါ ဖျက်ဆီးထားတယ်။စစ်ကောင်စီကရှမ်းမြောက်ဒေသသို့စစ်ကူပို့ရန်နည်းမျိုးစုံကြိုးစားနေပြီးစစ်ကိုင်းတိုင်းအတွင်းကအင်အားတွေကိုထုတ်နုတ်ပို့ဆောင်ပါကစစ်ကိုင်းတိုင်းအတွင်းမှာတော်လှန်ရေးအဖွဲ့တွေနယ်မြေစိုးမိုးမှုပိုမိုရရှိလာနိုင်တယ်။