ဒီမနက်တော့တော်လှန်ရေးတပ်ပေါင်းစုအဖွဲ့တွေကစစ်ကောင်စီကိုစစ်မျက်နှာအသစ်ထပ်ဖွင့်လိုက်တယ်။KIA/AA/PDFတို့ပူးပေါင်းပြီးစစ်ကိုင်းတိုင်းအထက်ပိုင်းကကလေး၊ကန့်ဘလူ၊ချပ်သင်း၊ခန်းပတ်၊ကောလင်း၊အရာတော်စတဲ့ဒေသတွေမှာစစ်မျက်နှာဖွင့်တပြိုင်နက်ဝင်ရောက်တိုက်ခိုက်နေတယ်။စစချင်းမှာပဲခမ်းပတ်မြို့မရဲစခန်း၊ကလေးမြို့နယ်ရှိရာဇဂြိုလ်ရဲစခန်း၊မကွေးတိုင်းဂန့်ဂေါမြို့နယ်ရှိမင်းရွာရဲစခန်းအပါအဝင်အနည်းဆုံးစစ်စခန်းလေးခုကိုတော်လှန်ရေးအဖွဲ့တွေသိမ်းပိုက်နိုင်ခဲ့တယ်။ဒါ့အပြင်စစ်ကိုင်းတိုင်းကောလင်းမြို့ပေါ်မှာလဲတိုက်ပွဲတွေပြင်းထန်နေပြီးပြည်သူတချို့ပိတ်မိနေတယ်။ကောလင်းမြို့ပေါ်ကတိုက်ပွဲတွေမှာတော့ပူးပေါင်းအဖွဲ့တွေဘက်ကမြို့မရဲစခန်းနဲ့ထွေအုပ်ရုံးကိုသိမ်းပိုက်လိုက်ပြီးရဲစခန်းထဲကနိုင်ငံရေးအကျဉ်းသားတွေကိုလွတ်ပေးလိုက်နိုင်တယ်။
၁၀၂၇စစ်ဆင်ရေးရဲ့ရိုက်ခတ်မှုလှိုင်းလုံးတွေဟာစစ်ကိုင်းတိုင်းထဲကိုရောက်ရှိလို့လာပါပြီ။ရှမ်းမြောက်မှာအကြီးအကျယ်ရှုံးနိမ့်နေတဲ့စစ်ကောင်စီတော့အရူးမီးဝိုင်းပြီပေါ့။တော်လှန်ရေးအင်အားစုတွေဘက်ကတလှိုင်းပီးတလှိုင်းလာမယ်ဆိုတာအပြောမဟုတ်အလုပ်နဲ့သက်သေပြနေပြီ။
အောက်တိုဘာ ၀၅၊ ၂၀၂၅။ (တနင်္ဂနွေ)
ဒီနှစ်မှာဒေါ်လာစျေးဆက်တိုက်ကျနေတဲ့အဓိကတရားခံကတော့စစ်ကော်မရှင်ကသွင်းကုန်တွေပိတ်ထားလို့ပါပဲ။တနေ့ကprinterတစ်လုံးလိုချင်လို့မြို့ထဲသွားတယ်။မြို့ထဲကကွန်ပြူတာပစ္စည်းဆိုင်နှစ်ဆယ်လောက်ရှာမေးခဲ့ပေမယ့်လိုချင်တဲ့printerရှာမရခဲ့ပါဘူး။ဆိုင်တွေအားလုံးပစ္စည်းပြတ်နေတယ်ပဲပြောကြတယ်။ဘယ်အချိန်ပစ္စည်းပြန်ရမလဲဆိုတာလဲအတိအကျမပြောနိုင်ကြဘူး။အနည်းဆုံးတစ်လကနေလနဲ့ချီပြီးကြာနိုင်တယ်တဲ့။printerဆိုတဲ့ပစ္စည်းမျိုးဟာပုံမှန်ဆိုရင်စျေးကွက်မှာအလွယ်တကူဝယ်လို့ရပါတယ်။ဒီလိုပစ္စည်းမျိုးတောင်စျေးကွက်မှာပစ္စည်းပြတ်နေပါပြီ။ကွန်ပြူတာပစ္စည်းအရောင်းဆိုင်တွေအတော်များများမှာလဲခင်ကျင်းထားတဲ့ပစ္စည်းတွေအရင်လိုပေါပေါများများမတွေ့ရတော့ပါဘူး။စစ်ကော်မရှင်ကပေးတဲ့ဒုက္ခမျိုးစုံကြောင့်ဘယ်စီးပွားရေးလုပ်ငန်းမဆိုအကြပ်အတည်းဆိုက်နေကြတယ်။


