စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အကြာတွင် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအနက် ရင်းနှီးမြှပ်နှံရာ၌ဆုံးရှုံးနိုင်ချေအများဆုံးနိုင်ငံဖြစ်လာကြောင်းကမ္ဘာတလွှားစီးပွားဆိုင်ရာအချက်အလက်များထုတ်ပြန်နေသည့် Visual Capitalistအဖွဲ့က ထုတ်ပြန်လိုက်တယ်။ ကမ္ဘာပေါ်တွင် ရင်းနှီးမြှပ်နှံရာ၌ စွန့်စားရပြီး ဆုံးရှုံးနိုင်ချေအများဆုံးနိုင်ငံများအနက် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင့် ၂၄ ဖြစ်ပြီး အာဆီယံတွင် လာအိုနိုင်ငံနှင့်အတူ ထိပ်ဆုံး၌ ရှိနေခြင်းဖြစ်တယ်။ မြန်မာနိုင်ငံသည် ရင်းနှီးမြှပ်နှံရာတွင် စွန့်စားရမှု ၁၅ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး စင်ကာပူနိုင်ငံက စွန့်စားရမှု သုည ရာခိုင်နှုန်းသာရှိတယ်။
ထိုအချက်အလက်များကို နိုင်ငံရေး၊ စီးပွားရေးနှင့် တရားဥပဒေစိုးမိုးရေးကို အခြေခံပြီးတွက်ချက်ထားတာပါ။လက်ရှိအချိန်မှာလဲရှိပြီးသားရင်းနှီးမြှပ်နှံမှုတွေတောင် ပြန်ထွက်နေတာ အသစ်ဝင်လာဖို့ဆိုတာလည်း အရမ်းခက်ခဲပါတယ်။စစ်တပ်ကအာဏာသိမ်းထားသမျှတော့ဘာနိုင်ငံခြားရင်းနှီးမြုပ်နှံမှုမှထပ်ဝင်လာမှာမဟုတ်ဘူး။ပြည်သူ့ဘဝတွေလဲဆက်လက်ခက်ခဲနေဦးမှာပဲ။