စစ်ကိုင်းတိုင်း၊မုံရွာအကျဉ်းထောင်မှာပြီးခဲ့တဲ့လကဖြစ်ပွားခဲ့တဲ့နိုင်ငံရေးအကျဉ်းသားများအစာအငတ်ခံဆန္ဒပြမှုဖြစ်စဉ်နောက်ဆက်တွဲအဖြစ်သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်၊ နိုင်ငံရေးအကျဉ်းသားများ ၂၆ ဦးနှင့် အကျဉ်းထောင်ဝန်ထမ်း ၈ ဦးကို စစ်ကောင်စီက အရေးယူထားတယ်။စက်တင်ဘာလ ၈ ရက်နေ့က မုံရွာအကျဉ်းထောင်အတွင်း၌ ဖြစ်ပွားခဲ့သော အစာအငတ်ခံ အစာအငတ်ခံ ဆန္ဒပြမှုအပြီးတွင်ပါဝင်ခဲ့တဲ့မုံရွာသပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်အပါအဝင်အကျဥ်းသား၉ဦးကိုထောင်တွင်းပြစ်ဒဏ်လျှော့ရက်တစ်နှစ်အပိတ်ခံရကြောင်း၊ ကိုဝေမိုးနိုင်နှင့် အခြားအကျဉ်းသားတစ်ဦးကို တိုက်ပိတ်ထားတယ်။
နောက်ဆက်တွဲအရေးယူမှုတွေကတော့ဒီရက်ပိုင်းအတွင်းမှာဖြစ်တာပါ။ဆန္ဒပြမှုတွေကိုလိုက်လျောခဲ့တဲ့ထောင်ပိုင်ကြီး၊ထောင်ပိုင်လေးနဲ့အိပ်ဆောင်မှူးတို့ကိုအလုပ်ထုတ်လိုက်ပြီးစစ်တပ်ကဝင်ရောက်ချုပ်ကိုင်လာတာပါ။ ထို့အပြင် ထောင်ဝင်စာပို့ခြင်းကိုလည်း ယခင်ကထက် ပိုမိုတင်းကျပ်ကန့်သတ်မှုများရှိလာကြောင်း သိရတယ်။အကျဉ်းကျခံထားရသူများကလူ့အခွင့်အရေးအတွက်တိုက်ပွဲဝင်နေချိန်ထောင်ပြင်ပရှိပြည်သူများကလည်းစစ်အာဏာရှင်ကိုဆက်လက်တော်လှန်ကြရန်သပိတ်ခေါင်းဆောင်တွေကပြည်သူတွေကိုသတင်းစကားပါးထားတယ်။