ပဲခူးတိုင်း၊ ပဲခူးမြို့ပေါ်မှာ မနေ့ အောက်တိုဘာလ ၈ ရက်စလို့ ရုတ်တရက်ရေကြီးမှုဖြစ်ပြီးတဲ့နောက် ဒီနေ့အထိ ရေပြန်မကျသေးတာကြောင့် ဒေသခံတွေ နေအိမ်တွေမှာ ပိတ်မိနေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဘီဘီစီမှာ ဖတ်လိုက်ရတယ်။ လူတွေလည်း မအလရဲ့ ဆိုးကျိုးတွေအပြင် ရေဒဏ်၊ မိုးဒဏ်၊ စစ်ဒဏ်ကို အလူးအလဲခံစားနေကြရတယ်။ စစ်ရှောင်စခန်းတွေမှာလည်း ရိက္ခာတွေလိုအပ်နေ သလို သဘာဝဒဏ်ကြောင့်လည်း အထောက်အပံ့တွေလိုအပ်နေပြီ။ မြန်မာနိုင်ငံကြီးက တကယ့်ကို ငရဲ ပြည်ပါပဲ။
စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...


