အခုရက်ပိုင်း ရန်ကုန်မှာ မိုးအရမ်းကောင်းနေတယ်။ မိုးကောင်းခြင်းရဲ့နောက်ဆက်တွဲက ရေကြီးရေလျှံ ဖြစ်နေတာပဲ။ ပဲခူးမှာရေကြီးတဲ့သတင်းတွေ၊ ပုံတွေကို ဆိုရှယ်မီဒီယာပေါ်မှာတွေ့ရပြန်တယ်။ မြန်မာလူ ထုတွေဟာ ဒုက္ခတစ်ခုထပ်တိုးလာပြန်ပါပြီ။ လူမှုကွန်ရက်ပေါ်မှာ စစ်အာဏာသိမ်းဆန့်ကျင်တာ နဲ့ တော်လှန်ရေးအင်အားစုတွေကို အားပေးထောက်ခံတဲ့ ရေးသားပြောဆိုမှုတွေကို လုပ်လို့ဆိုတဲ့ စွပ်စွဲချက် နဲ့ ၂၀၂၂ ဖေဖော်ဝါရီ ကနေ ၂၀၂၃ စက်တင်ဘာလ အထိ ပြည်တွင်းနေ ဖမ်းဆီးခံရသူ အရေအတွက်ဟာ ၁၃၁၆ ဦးရှိတယ်လို့ နိုင်ငံတဝန်းနိုင်ငံရေး နဲ့ စစ်ရေးဖြစ်ရပ်တွေရဲ့ သက်ရောက်မှုကိုလေ့လာတဲ့ Data for Myanmar က ထုတ်ပြန်ခဲ့တယ်။ အဲဒီထဲက ထက်ဝက်နီးပါးဟာ ရန်ကုန်တိုင်း နဲ့ မန္တလေးတိုင်းတွေက ဖြစ်တယ်တဲ့လေ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


