Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

မြန်မာစစ်အုပ်စုအပေါ် ပြင်းထန်သည့် အရေးယူမှုများ ပြုလုပ်ရန် အာဆီယံကို မလေးရှား တိုက်တွန်း

October 20, 2023
in သတင်း
Reading Time:1min read
Share on FacebookShare on Twitter

မြန်မာအာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများအပေါ် ‘ပြင်းထန်သည့်’ အရေးယူဆောင်ရွက်ချက်များ ချမှတ်ရန် မလေးရှားက စက်တင်ဘာ ၄ ရက်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းပြောဆိုသည်။ မြန်မာစစ်ဗိုလ်ချုပ်များကြောင့် ဖြစ်ပေါ်စေသည့် ‘အဟန့်အတားများ’ က ပဋိပက္ခဒဏ်ခံ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေး အစီအစဉ်တရပ်ကို ဟန့်တားပိတ်ဆို့စေခဲ့သည်ဟု မလေးရှားက ပြောသည်။

အာဆီယံအုပ်စု၏ ရှေ့မတိုးနိုင် ဖြစ်နေသော မြန်မာဆိုင်ရာ ငြိမ်းချမ်းရေး အစီအစဉ်တရပ်ကို ပြန်လည်သုံးသပ်ရန် အရှေ့တောင်အာရှ ထိပ်တန်းသံတမန်များ စုဝေးတွေ့ဆုံကြစဉ် မလေးရှားထံမှ တမူထူးခြားသည့် တဲ့တိုး မက်ဆေ့ချ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြန်မာတွင် စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်ကျော်အကြာ အကြမ်းဖက်မှုတို့ကို ရပ်ဆိုင်းရန် ပျက်ကွက်နေခြင်းအတွက် အာဆီယံအုပ်စုအကြား စိတ်ပျက်လက်ပျက် ဖြစ်မှုတို့ ကြီးထွားနေသည်။

“မြန်မာစစ်အုပ်စုအပေါ် ပြင်းထန်၊ ထိရောက်တဲ့ အရေးယူဆောင်ရွက်ချက်တွေ မရှိဘဲနဲ့ ဒါကို ဒီတိုင်း ဆက်သွားစေဖို့ မိမိတို့ ခွင့်မပြုနိုင်ဘူး ဆိုပြီး မလေးရှားနဲ့ တခြား အဖွဲ့ဝင်နိုင်ငံတွေက အမြင်သဘောထား ထုတ်ဖော်ခဲ့ပါတယ်” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဇမ်ဘရီ အဗ္ဗဒူလ် ကက်ဒီယာက အင်ဒိုနီးရှား မြို့တော်၌ ဆွေးနွေးမှုများအပြီး သတင်းထောက်များကို ပြောသည်။

၎င်းနှင့် အမြင်ချင်း တူခဲ့သည့် အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အမည်ကို မလေးရှားဝန်ကြီးက ထုတ်ဖော်ခြင်းတော့ မရှိခဲ့ပေ။

မြန်မာ့အရေးကိစ္စအပြင် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်းများ ကိစ္စ၊ ဒေသ စီးပွားရေး၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုနှင့် အခြား အရေးကိစ္စများနှင့် ပတ်သက်ပြီး ဆွေးနွေးရန် အာဆီယံခေါင်းဆောင်များသည် ယခုသီတင်းပတ်တွင် အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျကာတာတွင် တွေ့ဆုံကြခြင်း ဖြစ်သည်။

မြန်မာသည် အာဆီယံ အဖွဲ့ဝင် တနိုင်ငံဖြစ်သော်လည်း ၂၀၂၁ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံ အစိုးရကို စစ်တပ်က ဖြုတ်ချ အာဏာသိမ်းခဲ့ပြီးကတည်းက မြန်မာ အာဏာသိမ်းစစ်အုပ်စု ခေါင်းဆောင်များသည် အာဆီယံထိပ်သီးအစည်းအဝေးများ တက်ခွင့်မရဘဲ ပိတ်ပင်ခံထားရသည်။

အကြမ်းဖက်မှုတို့ ရပ်ဆိုင်းရေး၊ သက်ဆိုင်သူများအကြား ဆွေးနွေးရေးတို့ကို တောင်းဆိုထားသည့် ဘုံသဘောတူညီချက် ငါးရပ်ဟု သိကြသည့် ငြိမ်းချမ်းရေး အစီအစဉ်တရပ်ကို အာဆီယံက သဘောတူထားသော်လည်း မြန်မာစစ်အုပ်စုဘက်က ပါးစပ်ပြောမျှသာ ရှိပြီး လက်တွေ့လိုက်နာအကောင်အထည်ဖော်ရန် ပျက်ကွက်ထားသည်။

မြန်မာစစ်အုပ်စုကြောင့် ဖြစ်စေသည့် အတားအဆီးများကြောင့် အာဆီယံ ငြိမ်းချမ်းရေးအစီအစဉ်ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ခြင်း မရှိဘဲ ဖြစ်နေခဲ့သည်ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

SOURCE – MIZZIMA

Related Posts

သတင်း

ရခိုင်တောင်ပိုင်းတွင် ၃ ရက်အတွင်း လူ ၅၀ ကျော် အဖမ်းခံရ

December 2, 2023

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်တွင် စစ်ကောင်စီက သုံးရက်အတွင်း လူ ၅၀...

ထီးချိုင့်တွင် အမျိုးသမီး ၂ ဦးကို စစ်ကောင်စီ သေနတ်ဖြင့်ပစ်၊ ၁ ဦးသေဆုံး ၁ဦးဒဏ်ရာရဟုဆို
သတင်း

ထီးချိုင့်တွင် အမျိုးသမီး ၂ ဦးကို စစ်ကောင်စီ သေနတ်ဖြင့်ပစ်၊ ၁ ဦးသေဆုံး ၁ဦးဒဏ်ရာရဟုဆို

November 30, 2023

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့တွင် အောက်တိုဘာလ ၁၉ ရက်နေ့...

ရည်မှန်းချက်တူနေတဲ့အတွက် ပူးပေါင်းတယ်
သတင်း

ရည်မှန်းချက်တူနေတဲ့အတွက် ပူးပေါင်းတယ်

November 25, 2023

မေး။ ။ မြစ်ကြီးနား- ဗန်းမော် လမ်းမပေါ်က စစ်ကောင်စီ...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist