ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ စစ်ကောင်စီ လေတပ်စခန်းကိုမနေ့ကတော်လှန်ရေးအဖွဲ့တွေက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုကြီးမားတယ်လို့သိရတယ်။ထိခိုက်မှုတွေကတော့လေတပ်ဆက်သွယ်ရေးတာဝါတိုင်ပျက်စီးတယ်။ တိုက်လေယာဉ်စက်ပြင် ဂိုလ်ဒေါင်ထိခိုက်ပျက်စီးတယ်။ဒါ့အပြင်ဂျက်ဖိုက်တာနှစ်စီးပျက်စီးသွားတယ်။ ထိုဖိုက်တာ လေယာဉ် ၂စီးဟာ ဆီဖြည့်နေချိန် ရပ်ထားတဲ့နေရာ ၁ လုံးကျရောက်ပေါက်ကွဲလို့၂စီးလုံး ပျက်စီးသွားတယ်လို့အတွင်းသတင်းအရသိရတယ်။ဒါပေမယ့်အသေးစိတ်ကိုတော့သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။တကယ်သာဆိုရင်တော့စစ်တပ်အတွက်ကြီးမားတဲ့ဆုံးရှံးမှုပဲ။ကယားပြည်နယ်မယ်စဲမြို့မှာစစ်တပ်ရဲ့လေယာဉ်တစ်စီးကိုပစ်ချနိုင်ပီးနောက်ဒီနှစ်ထဲမှာဒုတိယမြောက်ဖျက်စီးနိုင်မှုပဲ။
နိုဝင်ဘာ ၀၇၊ ၂၀၂၅။ (ကြာသပတေး)
ရွေးကောက်ပွဲကိုနှောက်ယှက်ဖျက်စီးမှုဥပဒေနဲ့အရေးယူထားတဲ့လူဦးရေဟာ၉၀ကျော်ရှိလာပြီဖြစ်ပါတယ်။အများစုကတော့မဲဆွယ်ဆိုင်းဘုတ်တွေဖျက်စီးမှု၊လူမှုကွန်ယက်တွေပေါ်မှာရေးသားမှုတွေကြောင့်အရေးယူခံရတာဖြစ်တယ်။ဒီရက်ပိုင်းမှာတင်နာမည်ကြီးဒါရိုက်တာမိုက်တီးနဲ့အခြားအနုပညာရှင်အချို့အရေးယူခံလိုက်ရတယ်။သူတို့တွေဟာဖေ့ဘုတ်ကလှုံ့ဆော်တဲ့အရေးအသားတွေကိုreactပေးတယ်ဆိုပြီးဖမ်းဆီးသွားတာပါ။ စစ်ကော်မရှင်ဟာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအတော်ကိုအထိမခံဖြစ်နေတာပါ။ပါးစပ်ကဒီမိုကရေစီလို့အော်နေပြီးလူမှုကွန်ယက်တွေမှာတောင်တချက်မှားတာနဲ့စောင့်ကြည့်ပြီးထောင်ထဲတန်းထည့်နေတယ်။အာဏာရှင်နိုင်ငံအချို့ထပ်တောင်ဆိုးရွားတဲ့တင်းကြပ်မှုတွေပြုလုပ်နေပြီးဒီမိုကရေစီလို့အော်နေတာရယ်စရာပဲ။


