အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဗိုလ်ချုပ်ရန်နောင်စိုး၊ ဒုဝန်ကြီး ညွန့်အောင်တို့ကို စစ်ဆေးနေသော်လည်း ဘယ်လိုအရေးယူမည်ကို မဆုံးဖြတ် သေးဘူးလို့သိရတယ်။
အမေရိကန်ဒေါ်လာစျေးမြင့်တက်အောင် စျေးကစားမှု၊ ပါမစ်များကို လာဘ်ငွေ ယူ ချပေးမှု အပါအဝင် အာဏာအလွဲသုံး စားမှုများဖြင့် ဒီလပိုင်းဆန်းပိုင်းမှ စပြီး အထူးစုံစမ်းစစ်ဆေးရေးဌာန၊ စစ်ထောက်လှမ်းရေး စရဖတို့က စစ်ဆေးလျက်ရှိကြောင်း ၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကိုလည်း နိုင်ငံတော် လျှို့ ဝှက် ချက်ပေါက်ကြားမှု၊ လာဘ်ပေးလာဘ်ယူမှုများဖြင့် စစ်ဆေးလျက် ရှိ ကြောင်း၊ဒါပေမယ့် ထိုကဲ့သို့ စစ်ဆေးမှုများကိုမည်သို့မည်ပုံအရေးယူမည်ကိုမသိသေးတာပါ။လောလောဆယ်မှာတော့သူတို့ရာထူးတာဝန်တွေ၊ စစ်ဘက်ရာထူးတွေတော့ ဆိုင်းငံ့လိုက်ပြီလို့သိရတယ်။ လုပ်ငန်းရှင်ကြီးတွေကိုဝိသမလောဘသမားတွေကို ပြောခဲ့ပြီးမှ ကိုယ့်လူ ကိုယ်ပြန်အရေး ယူရတော့ ကိုယ့်အရှိုက် ကိုယ်ပြန်ထိုးသလို ဖြစ်တာကြောင့်လည်း ချင့်ချိန် စဉ်း စား နေတယ်ထင်တယ်။ စစ်ကောင်စီတွင် အာဏာသိမ်းခေါင်းဆောင်မှ စ၍ အားလုံးမှာ လာဘ်ယူသူများ အကျင့်ပျက်ခြစားသူများသာဖြစ်ပြီး အချင်းချင်း ယခုကဲ့သို့ ပြုလုပ်ခြင်းမှာ အချင်းချင်း ချောက်ချလုပ်ကြံကြခြင်းဖြစ်နိုင်တယ်။
ဆိုင်းငံခြင်းခံလိုက်ရတဲ့ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ဥက္ကဋ္ဌ အဖြစ် လုပ် ဆောင်နေသော တိုင်းပြည်စီးပွားရေး ကော်မတီ ၃ ခု လုံး၏ ဥက္ကဋ္ဌ သစ်အဖြစ် ဗိုလ်ချုပ်ကြီး မြထွန်းဦးကို မင်းအောင်လှိုင်က တာဝန်ပေးအပ်လိုက်ပြီး အရေးပါ သည့်အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူးရာထူးအားလုံးတွင် လူသစ်များ အစားထိုးပြောင်းလဲထားတယ်။