အမေရိကန်နိုင်ငံ နယူးယောက်မြို့အပါအဝင်အခြားနိုင်ငံများမှ ပြည်ပရောက် မြန်မာများက ကုလသမဂ္ဂ၌ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက် ခန့်အပ်ရေး ချီတက် ဆန္ဒဖော်ထုတ်ပွဲတွေပြုလုပ်နေတယ်။နယူးယောက်မြို့ကအခမ်းအနားမှာဆို မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း၊ NUG အစိုးရအဖွဲ့မှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးတို့ကတက်ရောက် အမှာစကားပြောကြားခဲ့တယ်။
နှစ်စဉ်စက်တင်ဘာလရောက်ပြီဆိုရင်ကုလသမဂ္ဂကဦးကျော်မိုးထွန်းထိုင်ခုံကလှုပ်လာစမြဲပဲ။စစ်ကောင်စီကသူတို့လူကိုနှစ်တိုင်းအဆိုပြုတယ်။စစ်ကောင်စီကိုကိုယ်စားပြုတဲ့သူကုလသမဂ္ဂမှာနေရာရမလာရေးအတွက်လှုပ်ရှားမှုတွေပြုလုပ်ရတယ်။ဒီနှစ်လဲအရင်နှစ်တွေလိုဦးကျော်မိုးထွန်းပဲဆက်ရှိနေမယ်လို့သုံးသပ်ကြတယ်။