စစ်ကောင်စီ၏ နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်ချုပ်ရန်နောင်စိုး နှင့် ၎င်း မိသားစုကို စစ်ကောင်စီကဖမ်းဆီးခဲ့ပြီးနောက် ၎င်း၏ ဆရာဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကိုပါ နေအိမ်အကျယ်ချုပ်ဖြင့်စစ်ဆေးနေတယ်လို့သိရတယ်။ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ စစ်ကောင်စီတပ်တွင် အဆင့်၆ဖြစ်ပြီးအာဏာသိမ်းခေါင်းဆောင်၏အဓိကလူယုံတစ်ဦးဖြစ်သလို၊မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) နှင့် နိုင်ငံခြားငွေကြီးကြပ်မှုကော်မတီ (FESC) တို့၏ ဥက္ကဋ္ဌ လည်းဖြစ်တယ်။
ဒေါ်လာဈေးနှင့် ကုန်ဈေးနှုန်းများတက်သည့်အတွက် လုပ်ငန်းရှင်များကို ဖမ်းဆီးစစ်ဆေးရာမှ လာဘ်ပေးလာဘ်ယူ ဂွင်းဆက်များ ဖော်ထုတ်မိပြီးစားသုံးသူရေးရာညွန့်ကြားရေးမှုးချုပ်၊ ညွန့်ကြားရေးမှုး ၅ ဦး ၊ ဗိုလ်ချုပ်ရန်နောင်စိုး နှင့်နောက်ဆုံး ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းအထိပါ အမှုတွဲပါနေတာပါ။မိုးမြင့်ထွန်းကို လုပ်ငန်းရှင်များထံမှ လာဘ်ငွေယူ၍ ပို့ကုန်သွင်းကုန်လိုင်စင်များထုတ်ပေးခြင်း ၊ ပို့ကုန်ရငွေရောင်းချပေးခြင်း စသည့် တို့ကြောင့်ဟုဆိုကာ စုံစမ်းစစ်ဆေးနေကြောင်းသိရတယ်။ဒါပေမယ့်ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းမှာ ယခင်စစ်အစိုးရ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၏ တပည်ဖြစ်သလို အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ လူယုံဖြစ်၍ ပြင်းပြင်းထန်ထန်အရေးယူမည်ဟုမထင်ဘူး။ဘယ်လိုအရေးယူမလဲဆိုတာတော့စောင့်ကြည့်ရမှာပဲ။