မွန်ပြည်နယ်ဘက်မှာလဲရေးမြို့နယ်မှ သတင်းရဲတပ်ဖွဲ့(SB)မှ အရာရှိတစ်ဦးကိုဒီနေ့ နံနက်ပိုင်းတွင် ပစ်ခတ်ရှင်းလင်းခဲ့တယ်။ SB မှာ တာဝန်ထမ်းဆောင်နေတဲ့ သုံးပွင့်နဲ့အရာရှိတစ်ဦးဟာ ဒီမနက် ၁၀နာရီလောက်မှာ သူအိမ်စီးကားနဲ့အလာ မြို့လယ်ကောင်မှာရေးဘီလူးအဖွဲ့သားများက ဝင်ရောက်ပစ်ခတ်ရှင်းလင်းလိုက်တာပါ။သေဆုံးသွားသူမှာ ရဲအုပ်အဆင့်ရှိသူဖြစ်ကြောင်းသိရတယ်။ပြည်သူတွေ တိုင်ကြားချက်အရ ထိုသူဟာအာဏာဂုဏ်မောက်ပြီးပြည်သူတွေအပေါ်မှာမတရားငွေညှစ်တယ်၊ ငွေတောင်းတယ်။ စစ်ဆေးရေးဂိတ်တွေမှာလဲအာဏာရှိတဲ့ရဲအရာရှိကြီးတစ်ဦးဖြစ်တယ်။
ရေးမြို့နယ်မှာစစ်ကောင်စီဟာမြို့ပေါ်လောက်သာထိန်းချုပ်နိုင်ထားပြီးတော်လှန်ရေးအဖွဲ့တွေကမြို့ပတ်ပတ်လည်ကိုထိန်းချုပ်ထားတယ်။ဒီလိုအခြေအနေမှာမြို့ပေါ်မှာလုပ်ကြံခံလိုက်ရတဲ့အတွက်ရေးမြို့နယ်ကစစ်ကောင်စီဝင်တွေသွေးပျက်နေကြတယ်။