ကြီးမြင့်လာတဲ့အထွေထွေကုန်ဈေးနှုန်းတွေကိုထိန်းချုပ်ဖို့ဆိုပြီးစစ်ကောင်စီကကုန်ဈေးနှုန်းရေးကော်မတီဖွဲ့တယ်။ထိန်းချုပ်ပုံထိန်းချုပ်နည်းကတော့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကိုလိုက်ဖမ်းတော့တာပါပဲ။ပထမဒေါ်လာအရောင်းအဝယ်လုပ်တဲ့သူတွေကိုဖမ်းတယ်။ရွှေဈေးတက်လို့ဆိုပြီးရွှေဆိုင်ပိုင်ရှင်တွေကိုဖမ်းတယ်။အခုလတ်တလောမှာတော့စားသုံးဆီလုပ်ငန်းရှင်တွေကိုဖမ်းတယ်။နောက်ပိုင်းမှာတော့ပြောင်းနှင့်ဆန်တင်ပို့သူများ၊ စက်သုံးဆီတင်သွင်းသူများ၊ဘဏ်လုပ်ငန်းရှင်များပါတွေ့သမျှအကုန်ဖမ်းဆီးတော့တာပါပဲ။အခုလောလောဆယ်အထိလုပ်ငန်းရှင်၁၀၀ကျော်ကိုဖမ်းဆီးထားတယ်လို့သိရတယ်။စစ်ကောင်စီဟာပြီးခဲ့တဲ့အစည်းအဝေးတွေတုန်းကတော့လုပ်ငန်းရှင်တွေကိုကုန်ဈေးနှုန်းတွေကစားရင်နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ငွေကြေးလိမ်လည်မှု၊နိုင်ငံခြားသုံးငွေကြေးကစားမှုတို့ဖြင့်တရားစွဲပြီးထောင်ဒဏ်၃၅နှစ်ချမည်ဟုခြိမ်းခြောက်ထားသေးတယ်။တချို့လုပ်ငန်းရှင်တွေလဲရှောင်နေရပြီ။စစ်ကောင်စီဟာတဖြည်းဖြည်းနဲ့ထွက်ပေါက်ပိတ်လာချိန်မှာလူတန်းစားမရွှေးဒုက္ခပေးနေတာအခုလုပ်ငန်းရှင်ကြီးတွေအလှည့်ရောက်လာပြီပေါ့။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...