Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

နေပြည်တော်က အဘတွေ အထုပ်ပြင်ရတော့မှာလား

September 19, 2023
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

တိုင်းပြည်တည်ငြိမ်အောင်လုပ်မယ်ဆိုပြီး အာဏာသိမ်းစစ်ကောင်စီက အရေးပေါ်ကာလ ခြောက်လသက်တမ်း လေးကြိမ် မြောက်တိုးပြီး မကြာခင်မှာဘဲ စစ်ကောင်စီတပ်စခန်းတွေ တခုပြီးတခု တိုက်ခိုက်သိမ်းပိုက်ခံနေရတာ တွေ့ရပါ တယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက် ကာ/လုံအစည်းအဝေးမှာ စစ်ခေါင်းဆောင်က တိုင်းနဲ့ ပြည်နယ် နေရာတချို့မှာ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အရှိန်အဟုန်နဲ့ ဆက်လက်ဆောင်ရွက်ဖို့လိုအပ်နေသေးတယ်လို့ အကြောင်းပြပြီးအရေးပေါ်ကာလသက်တမ်းကို နောက် ခြောက်လထပ်တိုးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်လက်ရှိတိုင်းပြည် အခြေအနေမှာ ရွေးကောက်ပွဲကျင်းပဖို့မဖြစ်ကြောင်းနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ခြမ်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းအရှေ့ခြမ်းတို့ကို စစ်ကောင်စီအနေနဲ့ မထိန်းနိုင်တော့ ကြောင်းလည်း ဝန်ခံသွားခဲ့တာ တွေ့ရပါတယ်။ အခုဆိုရင် စစ်ကောင်စီအသိုင်းအဝိုင်းက အလုံခြုံဆုံးနေရာအဖြစ် သတ်မှတ်ထားရတဲ့ အာဏာရှင်ဟောင်းတွေနဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ဝပ်ကျင်း နေပြည်တော်နားအထိ တိုက်ပွဲခေါ်သံ တွေကိုကြားနေရပြီဖြစ်ပါတယ်။ နေပြည်တော်နဲ့ မိုင် ၁၃၀ ကျော်လောက်ပဲဝေးတဲ့ ကရင်နီဒေသကို စစ်ကောင်စီ ထိန်းချုပ်ဖို့ခက်ခဲလာပြီးနောက် နေပြည်တော်နဲ့အနီးတဝိုက်မှာ မကြာခဏ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ပွဲခေါ်သံတွေကို ကြားလာရတာလည်းဖြစ်ပါတယ်။ ဩဂုတ်လ ဒုတိယပတ်အတွင်းမှာဆိုရင် နေပြည်တော် သမ္မတအိမ်တော်နဲ့ မိုင် ၄၀ သာဝေးတဲ့ ဘိုမသံတောင်စစ်စခန်းကို တော်လှန်ရေးအင်အားစုတွေ တက်ရောက် သိမ်းပိုက်နိုင်ခဲ့တဲ့အထိ အခြေအနေတွေက ပြောင်းလဲလာခဲ့တာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်ကစပြီး နေပြည်တော်နဲ့ မိုင်အနည်းငယ်သာဝေးတဲ့ ပျဉ်းမနားမြို့နယ်အတွင်းက တောင် ပေါ်စစ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေက လေးရက်ကြာတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ပျဉ်းမ နားမြို့နယ်၊ ဘိုမသံတောင်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ သေနတ် ကိုးလက်သိမ်းဆည်းရရှိပြီး အဲဒီစခန်းသိမ်းတိုက်ပွဲအပါအဝင် သုံရက်အတွင်း စစ်ကောင်စီတပ်သား အယောက် ၅၀ ထက်မနည်းသေဆုံးခဲ့တယ် လို့ အလယ်ပိုင်းတိုင်း PKS-PDF 1004 တပ်ရင်းက သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကဆိုခဲ့ပါတယ်။ အဲဒီတိုက်ပွဲ တွေအတွင်း PDF တပ်ဖွဲ့ဝင် သုံးယောက်လည်းအသက်ပေးသွားခဲ့ရတာပါ။

ဩဂုတ် ၁၀ ရက် မနက် ၆ နာရီ ၄၅မိနစ် အကျော်လောက်မှာ အင်အား ၂၀ လောက်နဲ့ တပ်စွဲထားတဲ့ ဘိုမသံတောင်က စစ်ကောင်စီရဲ့ ခမရ (၄၁၁ )တပ်စခန်း ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ အလားတူ ပျဉ်းမနားမြို့နယ်၊ အလယ်ချောင်းအုပ်စု၊ တောင်မြင့်ရေပူတောင်နဲ့ တောင်မြင့်ရွာမကြားမှာလည်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တနာရီလောက်ထပ်မံတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်းသေဆုံးခဲ့တယ်လို့သိရပါတယ်။ အဲဒီနောက် ဩဂုတ် ၁၂ ရက်မှာ ပျဉ်းမနားမြို့နယ်၊ ဘိုမအုပ်စု ဘက်ကို အင်အား ၈၅ ယောက်နဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထပ်မံထိုးလာရာ ရေပူတောင်မှာ ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ငါးယောက်ထက်မနည်းသေဆုံးခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို PKS-PDF (1004 )တပ်ရင်းနဲ့ သံတောင်မြောက်ပိုင်း(အထူးဒေသ) Northern Thandaung Defense Force တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဩဂုတ် ၁၀ ရက်ကနေ ၁၂ ရက်အထိ တိုက်ပွဲ ခုနစ်ကြိမ် ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား အယောက် ၅၀ ထက်မနည်းသေဆုံးပြီး အများ အပြားဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်သားတွေအသုံးပြုတဲ့ သေနတ် ကိုးလက်၊ လက်ပစ်ဗုံး၊ ကျည်ဘောက်၊ စကားပြောစက်နဲ့ ကျည်ဆန်တချို့လည်း သိမ်းဆည်းရရှိခဲ့တာပါ။

ဩဂုတ် ၁၃ ရက်မှာတော့ အထိနာ နေတဲ့ စစ်ကောင်စီဟာ တိုက်လေယာဉ်တွေပါသုံးလာပြီး ပျဥ်းမနားမြို့နယ်အရှေ့ဘက်ဘိုမအထက် ကျေးရွာကို ဗုံးကြဲခဲ့တာကြောင့် နေအိမ်အများအပြား ပျက်စီးသွားခဲ့သလို ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်ခဲ့ရတာဖြစ်ပါတယ်။ အခုလိုနေပြည်တော်အနီးတဝိုက်မှာ စစ်ကောင်စီအနေနဲ့တိုက်လေယာဉ်တွေပါသုံးပြီး ကာကွယ်လာရတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဒါကိုကြည့်ရင် စစ်ကောင်စီရဲ့စစ်ရေးအင်အားချိနဲ့လာတာကိုသိ နိုင်ပါတယ်။ နေပြည်တော်အနီးမှာ အခုလိုတိုက်ပွဲဖြစ်တာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက လည်း နေပြည်တော်နဲ့ ပျဉ်းမနားမြို့နယ်အစပ်မှာရှိတဲ့ စစ်ကောင်စီ ခြေမြန်တပ်ရင်း – ခမရ (၆၀၄) နဲ့ ခမရ (၆၀၅) ကြားမှာရှိတဲ့ မြွေဟောက်မြောင်စခန်းကို တော်လှန်ရေးအင်အားစုတွေက စီးနင်းတိုက်ခိုက်ခဲ့ပြီး လက်နက်တွေ သိမ်းပိုက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အင်အားကောင်းကောင်းနဲ့ နေပြည် တော်နားအထိချဉ်းကပ်လာနိုင်ချိန်မှာ တဖက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့နိုင်ငံရေးခံယူ ချက်နဲ့ နယ်မြေထိန်းချုပ်ထားနိုင်မှုတွေကလည်း အရေးပါနေခဲ့တာဖြစ်ပါတယ်။

လတ်တလောအခြေအနေမှာတော့ နွေဦးတော်လှန်ရေးနဲ့ဆက်စပ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေထဲမှာ အုပ်စု လေးမျိုးကွဲနေတာကိုတွေ့ရပါတယ်။ ပထမအုပ်စုအနေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ တပ်ပေါင်းစု NUG နဲ့ လူသိရှင်ကြား မဟာမိတ်ဖွဲထားတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်(KIO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ကိုတွေ့ရ မှာဖြစ်ပါတယ်။ ဒုတိယအုပ်စုမှာတော့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော်(AA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့ပါဝင်ပြီး ခုခံတော်လှန်ရေးလှုပ်ရှားမှုကို တိတ်တဆိတ်ထောက်ခံနေတာဖြစ်ပါတယ်။ တတိယအုပ်စုကတော့ ၂၀၁၅ ခုနှစ်မှာ လက်မှတ်ရေးထိုးထားခဲ့တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)က အကြွင်းအကျန်တွေပါဝင်ပြီး စစ်ကောင်စီနဲ့ ဆွေးနွေးလိုက်၊ မဆွေးနွေးလိုက် ဖြစ်နေကြတာပါ။ စတုတ္ထအုပ်စုကတော့ ဘယ်သူနဲ့မှမဟာမိတ်မဖွဲ့ဘဲ သူတို့ကိုယ်ပိုင်လွတ်လပ်ခွင့်အတွက်ရပ် တည်နေတဲ့ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) တို့ဖြစ်ပါတယ်။ လက်ရှိမှာ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေရဲ့ စုစုပေါင်း အင်အားမှာ တသိန်းခွဲနီးပါးလောက်ရှိနေပြီး ခေတ်မီလက်နက်တွေအများ အပြားသုံးလာနိုင်တာလည်းတွေ့ရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားမှာ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး အမြင်အမျိုးမျိုးရှိကြပေမယ့် အများစုကတော့ ဖက်ဒရယ်စနစ်တည်ဆောက်ရေးအတွက် တော်လှန် ရေးအင်အားစုကို ထောက်ခံထားကြတာဖြစ်ပါတယ်။ NUG နဲ့ တရားဝင်ပူးပေါင်းဆောင်ရွက်တဲ့ KIA နဲ့ KNU တို့ နည်းတူ တော်လှန်ရေးအင်အားစုကို အလွတ်သဘော ထောက်ခံတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ တခြားအဖွဲ့အစည်း တချို့လည်းရှိနေတာကြောင့် လက်ရှိမှာ စစ်ကောင်စီတပ်တွေအနေနဲ့ နိုင်ငံအနှံ့စစ်မျက်နှာဖွင့်ထားရပြီး အင်အား တွေပြန့်ကျဲနေခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချ ပြီး နိုင်ငံရေးလှည့်ကွက်တွေပြောင်းဖို့ ကြံစည်နေခဲ့တာဖြစ်နိုင်ပါတယ်။

လက်ရှိ အာဏာသိမ်း စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေကြား စစ်ရေးအခြေအနေကတော့ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေ မျက်ခုံးလှုပ်နေရတဲ့အခြေအနေမျိုးရောက်နေပြီဆိုတာသေချာပါတယ်။ NUG ကာကွယ်ရေးဝန် ကြီး ဦးရည်မွန်ကတော့ မကြာခင်အချိန်မှာ စစ်ကောင်စီအထုပ်ပြင်တဲ့ကာလမျိုး ရောက်လာတော့မယ်လို့ဆိုထား ပါတယ်။ နွေဦးတော်လှန်ရေးအဖွဲ့အားလုံး တခုတည်းသော အမိန့်နာခံမှုအောက်မှာ မဟာဗျူဟာထိုးစစ်ဆင်နိုင် ဖို့ အပူတပြင်းကြိုးစားနေပြီး အဲဒီထိုးစစ်အောင်မြင်ရင် လာမယ့်နှစ်ဆန်းပိုင်းဟာ တော်လှန်ရေးအောင်ပွဲခံတဲ့ ကာလဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ တပ်ရင်းပေါင်း ၃၀၀ ကျော်ကို နောက်တဆင့်စုဖွဲ့မှုအနေနဲ့ ဗျူဟာစုဖွဲ့မှုဆောင်ရွက်နေပြီး တဗျူဟာမှာ အနည်းဆုံးတပ်ရင်း သုံးရင်းကနေ ငါးရင်းလောက်အထိပါဝင်မယ် လို့သိရပါတယ်။ ဗျူဟာအလိုက်လေ့ကျင့်မှု၊ ဗျူဟာအလိုက်တပ်ဆင်မှုတွေကို ဆက်တိုက်ဆောင်ရွက်သွားမှာ ဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေလည်း ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒီအစီအစဉ်မှာ ပါဝင်ဖို့ အတွက် အရေးကြီးတဲ့အချက်နှစ်ချက်အနေနဲ့ ဒေသစွဲမထားဘဲနဲ့ ဒေသမရွေးတော်လှန်ရေးရဲ့လိုအပ်ချက်အရ တိုက်ပွဲဝင်နိုင်စွမ်းရှိရမယ်၊ တခုတည်းသောအမိန့်ပေးကွပ်ကဲမှု တခုတည်းသောစစ်ဆင်ရေးအောက်ကနေ ပါဝင်တိုက်ခိုက်ရေးဟာ အထူးအားထည့်ပြီးဆောင်ရွက်ရမယ့်ကိစ္စဖြစ်တယ်လို့ ဆိုထားပါတယ်။ နောက် ခြောက်လမှာ စစ်ရေးအခြေအနေ အပြောင်းအလဲဟာ ဖြစ်နိုင်ခြေတွေအများကြီးရှိပြီး ဖြစ်နိုင်ခြေတခုကတော့ တော်လှန်ရေး အောင်ပွဲခံပြီလို့ ပြောနိုင်တဲ့အခြေအနေမျိုးလည်းဖြစ်နိုင်သလို စစ်ကောင်စီအထုပ်ပြင်တဲ့ကာလမျိုးလည်း ဖြစ်နိုင် တယ်လို့ ဦးရည်မွန်က ပြောထားပါတယ်။ စစ်ကောင်စီတပ်တွင်းကနေ ပေါက်ကြားလာတဲ့သတင်းတွေအရလည်း နိုင်ငံ တဝန်းက စစ်ကောင်စီရဲ့ ခြေလျင်ခြေမြန်တပ်ရင်းတွေမှာ အင်အားလျော့နည်းနေပြီး တပ်ရင်းတခုကို စစ်အင်အား ၁၀၀ အောက်သာရှိတော့တယ်လို့သိရပါတယ်။ အဲဒါကြောင့် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောသလို စစ်ကောင်စီအထုပ်ပြင်ရတော့မယ့်ကာလဟာ မဝေးတော့ဘူးလို့ ထင်ပါတယ်။

SOURCE – MIZZIMA

 

Related Posts

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။
သတင်း

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။

August 9, 2025

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယခုရက်ပိုင်း...

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English