စစ်တပ်အာဏာသိမ်းချိန် ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၃ သြဂုတ် ၃၁ ရက်အထိ စစ်အုပ်စုနှင့် ၎င်း၏လက်အောက်ခံ လက်နက်ကိုင်များကြောင့်သေဆုံးခဲ့ရသည့်အရပ်သားပြည်သူ၄၀၂၃ဦးရှိခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ပါတယ်။ဒါကြောင့် စစ်အုပ်စု အာဏာသိမ်းပြီးနောက် ၂ နှစ်ခွဲကျော် အတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံ လက်နက်ကိုင်များက တစ်ရက်လျှင်ပျမ်းမျှ ပြည်သူ ၄ ဦးကျော်အား နေ့စဉ်သတ်ဖြတ်ခံနေရပါတယ်။ထိုအပြင်အသတ်ခံရသော ပြည်သူများတွင်ကလေးသူငယ်
၄၄၉ ဦးနှင့် အမျိုးသမီး ၆၀၈ ဦးပါဝင်ကြောင်း လည်းဖော်ပြထားတယ်။ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၄၅၈၆) ဦးရှိတယ်လို့သိရတယ်။ အထက်ပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်တယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီကနိုင်ငံရေးအကျဉ်းသားများကိုချက်ချင်းပြန်လွှတ်ပေးရေးတောင်းဆိုချက်ပါဝင်သော ကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို ၂၀၂၂ ဒီဇင်ဘာတွင် အတည်ပြုချမှတ်ခဲ့သော်လည်း အာဏာသိမ်းစစ်ကောင်စီက လိုက်နာဆောင်ရွက်ခြင်းမရှိပါ။ ထို့အတွက် လုံခြုံရေးကောင်စီအနေဖြင့် မြန်မာပြည်သူများ၏ အသက်ကိုကယ်တင်ရန် စစ်အုပ်စုအား အရေးယူမှုအချက်အလက်များပါဝင်သည့် နောက်ထပ်ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်အတည်ပြုရန်လိုအပ်နေတယ်။