ဈေးကွက်ထဲမှာပြည်သူအများစားသုံးနေတဲ့စားအုန်းဆီဈေးမြင့်တက်လာပြီးစားအုန်းဆီတစ်ပိဿာလျင် ၁၂၀၀၀ ကျပ် အထိ ရှိလာပါပြီ။အာဏာမသိမ်းမီကစားအုန်းဆီဈေးဟာတစ်ပိသာ၃၀၀၀ခန့်သာရှိခဲ့တာပါ။
စစ်ကောင်စီကတော့စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကိုတစ်ပိဿာ၄၁၅၅ကျပ်သတ်မှတ်ထားတယ်။ပဲဆီကတော့တစ်ပိဿာကျပ်၁၇၀၀၀ခန့်ရှိလာပြီ။ဒါပေမယ့်ပဲဆီထွက်တဲ့ဒေသတွေမှာစစ်ကောင်စီတပ်တွေသောင်းကျန်းနေတာကြောင့်ပဲဆီအစစ်ကတော့ရှားပါးလှပါတယ်။အခုလိုဆီဈေးတွေတက်တော့ဆီနဲ့ကြော်ရလှော်ရတာတွေမရောင်းနိုင်တော့ဘူး။ရောင်းရင်လဲမကိုက်ကြတော့ဘူး။၊အိမ်ရှင်မတွေလဲခေါင်းကိုက်နေကြပြီ။ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှာတော့စစ်ကောင်စီက စားအုန်းဆီတစ်ပိဿာ ၄၄၀၀ ကျပ်ဖြင့် လိုက်လံ ရောင်းချပေးနေပြီးပြည်သူတွေတန်းစီဝယ်ယူနေကြရတယ်။
စားသုံးဆီဆိုတာခေတ်အဆက်ဆက်ပြည်ပမှနှစ်စဉ်ဝယ်ယူတင်သွင်းနေရပြီးလက်ရှိမှာတော့အမေရိကန်ဒေါ်လာသန်း၆၀၀ကျော်ဖိုးခန့်တင်သွင်းနေရတယ်။စစ်ကောင်စီဟာသူတို့မှာနိုင်ငံခြားငွေမရှိတော့တာကြောင့်စားသုံးဆီကိုလျော့ချတင်သွင်းနေလို့အခုလိုဈေးတွေတက်နေခြင်းဖြစ်တယ်။