နွေဦးတော်လှန်ရေးကာလအတွင်းစစ်အင်အားပြုန်းတီးမှုများနေ့စဉ်ကြုံတွေ့နေရတဲ့စစ်ကောင်စီတပ်ဟာစစ်ထွက်အင်အားနည်းပါးနေတာကြောင့်စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေကိုစစ်တပ်ရဲ့အရန်အင်အားအဖြစ်အသုံးပြုဖို့ပြင်ဆင်နေတယ်။ရှမ်းပြည်နယ်တောင်ပိုင်းမှာထိုကိစ္စအတွက်စာတစ်စောင်ပေါက်ကြားလာပြီးNonCDMဝန်ထမ်းတွေကိုပြည်သူ့စစ်အဖြစ်ဖွဲ့စည်းမယ်လို့သိရတယ်။ထိုကိစ္စကြောင့်ဝန်ထမ်းအသိုင်းအဝိုင်းမှာလဲထိတ်လန့်နေကြတယ်။စစ်ကောင်စီအနေနဲ့အင်အားသစ်စုနိုင်မှုလုံးဝမရှိတော့အခုတောင်စစ်တပ်ထဲမှာတပ်မိသားစုဝင်တွေကိုတပ်ရင်းတပ်ဖွဲ့တွေမှာလုံခြုံရေးဂိတ်စောင့်ခိုင်းတာတွေပြုလုပ်နေတယ်ဆိုတော့NonCDMဝန်ထမ်းတွေကိုစစ်တိုက်ခိုင်းမယ့်ကိစ္စကဖြစ်လာနိုင်တာပဲ။လက်ရှိစစ်တပ်မှာတပ်ရင်းတစ်ခုကိုဖွဲ့စည်းပုံအင်အားအနည်းဆုံးနှစ်ရာခန့်ရှိရမယ်လို့ဆိုသော်လည်းအင်အား၁၃၀ခန့်သာရှိနေပြီးစစ်ထွက်အင်အားဟာတပ်ရင်းတစ်ခုကို၇၀ခန့်သာရှိတော့သည်အထိအင်အားပြုန်းတီးနေကြောင့်အဆိုပါပေါက်ကြားလာတဲ့စာအရသိရတယ်။
အောက်တိုဘာ ၁၃၊ ၂၀၂၅။ (တနင်္ဂနွေ)
အာဆီယံအလှည့်ကျဥက္ကဌမလေးရှားနိုင်ငံခြားရေးဝန်ကြီးနေပြည်တော်ကိုနေ့ချင်းပြန်လာသွားတယ်။စစ်ကော်မရှင်ကပြုလုပ်မယ့်ရွေးကောက်ပွဲကိစ္စအတွက်ပါ။အပြန်မှာတော့ထိုအတုအယောင်ရွေးကောက်ပွဲအတွက်စောင့်ကြည့်လေ့လာသူတွေစေလွှတ်မှာမဟုတ်ဘူးလို့ပြောသွားတယ်။ဒါက်ိုစစ်ကော်မရှင်ကအာဆီယံကလေ့လာသူတွေစေလွတ်မယ်လို့ဗြောင်လိမ်သေးတယ်။ အာဆီယံကတော့သူတို့ချမှတ်ထားတဲမူချက်ကိုမလိုက်နာသေးသ၍စစ်ကော်မရှင်ကိုထောက်ခံမယ့်ပုံမပေါ်ပါဘူး။ဒါပေမယ့်တရုတ်နဲ့ရုရှားတို့နဲ့ထောက်ခံမှုရရှိထားတဲ့အတွက်အာဆီယံကိုအရေးစိုက်မယ့်ပုံမပေါ်ပါဘူး။


