စင်ကာပူUOBဘဏ်ကမြန်မာအကောင့်တွေကိုပိတ်ပင်လိုက်ပြီးနောက်ရှော့ရသွားတဲ့မြန်မာ့စီးပွားရေးကြောင့်ဒေါ်လာဈေးနဲ့ရွှေဈေးတွေတရိပ်တရိပ်တက်လာလိုက်တာအခုဆိုရင်တစ်ဒေါ်လာလေးထောင်နီးပါးနဲ့ရွှေဈေး၃၉သိန်းအထိရောက်ရှိလာပါပြီ။
ဒေါ်လာဈေးနဲ့ရွှေဈေးဟာပြီးခဲ့နှစ်ကုန်ကနေဒီနှစ်မေလလောက်ထိသုံးထောင်အောက်မှာအချိန်အတော်ကြာငြိမ်နေခဲ့ပြီးစစ်ကောင်စီကကောင်းကောင်းထိန်းချုပ်နိုင်ပြီလို့အထင်ရောက်စေခဲ့တယ်။ဒါပေမယ့်ဇွန်လမှာအမေရိကန်ကစစ်ကောင်စီရဲ့နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဘဏ်နှစ်ခုကိုအရေးယူမယ်လို့ကြေငြာလိုက်ပီးနောက်ဈေးကွက်ဟာအတက်ဘက်ကိုရောက်လာခဲ့တယ်။ထိုအခြေအနေကိုစစ်ကောင်စီကနှစ်သောင်းတန်ထုတ်မယ့်သတင်းနဲ့မီးထိုးပေးလိုက်ပြန်တယ်။ထိုးကျနေတဲ့မြန်မာကျပ်ငွေဈေးဟာUOBဘဏ်ကမြန်မာအကောင့်တွေကိုပိတ်ပင်လိုက်ပြီးနောက်ဟိုးအောက်ဆုံးကိုရောက်သွားခဲ့ပြီ။နှစ်လကျော်ခန့်အတွင်းမှာဒေါ်လာဈေးကတစ်ထောင်ခန့်နဲ့ရွှေဈေးက၁၀သိန်းခန့်ထိုးတက်သွားခဲ့တယ်။စစ်အာဏာသိမ်းပြီးနောက်ဒီလိုဒေါ်လာဈေးနဲ့ရွှေဈေးအတက်ကြမ်းတာမျိုးအရင်ကရှိခဲ့ဖူးပေမယ့်အခုလိုမျိုးအချိန်တိုအတွင်းမှာဒီလောက်အတက်မကြမ်းဖူးဘူး။အခုချိန်ဟာလဲစင်ကာပူအခြေစိုက် UOB ဘဏ်က မြန်မာနိုင်ငံရှိဘဏ်များဖြင့် လုပ်ငန်းချိတ် ဆက်မှုရပ်ဆိုင်းခြင်းအပါအဝင်တရုတ်နိုင်ငံအနေဖြင့်မြန်မာနိုင်ငံကိုအကြွေးများပြန်တောင်းသည့်သတင်းများ၊ ကျပ်နှစ်သောင်းတန်ဂယက်နောက်ဆက်တွဲများကြောင့်ဖြစ်တယ်။စစ်ကောင်စီအတွက်တော့ဒါဟာနောက်ထပ်အိမ်မက်ဆိုးတစ်ခုပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


