စင်ကာပူဘဏ်တစ်ခုဖြစ်တဲ့UOBဘဏ်ကမြန်မာနိုင်ငံရဲ့ဘဏ်အကောင့်တွေအားလုံးပိတ်သိမ်းတော့မယ်လို့ကြေငြာလိုက်တယ်။ဒါဟာကမ္ဘာ့ငွေကြေးစနစ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ဝင်ခွင့်ရမှုကို သိသိသာ ကန့်သတ်နိုင်လိုက်တာပဲ။
UOB ဘဏ်ဟာ မြန်မာဗိုလ်ချုပ်ကြီးတွေ၊ ကော်ပိုရေးရှင်းကြီးတွေ၊ ကြွယ်ဝချမ်းသာသူတွေအပြင် နိုင်ငံတ ကာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ အထူးသဖြင့် စင်ကာပူမှ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ကိုင် သူတွေ အသုံးများတဲ့ဘဏ်တစ်ခုဖြစ်ပါတယ်။မြန်မာစစ်ကောင်စီအတွက် ပြည်ပဘဏ်စနစ်နဲ့ ငွေကြေးဝန်ဆောင်မှုပေးတာ ဖြတ်တောက်ဖို့ အမေရိကန် နိုင်ငံက စင်ကာပူကို ဖိအားပေးတာကြောင့် UOB ဘဏ်က အခုလိုလုပ်ဆောင်တာလို့သုံးသပ်ကြတယ်။အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒါးရက်ချိုလတ်က ဧပြီလအတွင်း စင်ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့၊ အရေးပါတဲ့ စင်ကာပူဘဏ်အချို့နဲ့ တွေ့ဆုံခဲ့တယ်။ မြန်မာစစ်တပ်ကိုစစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ တင်ပို့ရာမှာ စင် ကာပူက ပါဝင်ပတ်သက်မှုရှိခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးရဲ့ မေလ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။အဲ့ဒါတွေပြီးနောက် UOB ဘဏ်က အခုလိုမျိုး မြန်မာ ဘဏ်အကောင့်တွေကို တင်းကျပ်ဖို့ လုပ်ဆောင်လာတာပါ။ဒီလလယ်မှာ MAI လေကြောင်းလိုင်းရဲ့ ဘဏ်အကောင့်တွေကို ပိတ်ပင်မယ်လို့ အာဏာသိမ်းစစ်ကောင်စီ နဲ့ ပတ်သက်မှုရှိတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ MAI လေကြောင်းလိုင်းကို UOB က သတိပေးခဲ့ပါသေးတယ်။
UOB ဘဏ်ရဲ့ ယခုဆုံးဖြတ်ချက်က အကျိုးသက်ရောက်မှု ကြီးမားလာလိမ့်မယ်။