စင်ကာပူနိုင်ငံအခြေစိုက်UOBဘဏ်ကစစ်ဗိုလ်ချုပ်ကြီးများ၊ခရိုနီများ၊ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များအပါအဝင်မြန်မာငွေစာရင်းတွေကနိုင်ငံခြားငွေလွှဲလုပ်ငန်းရပ်ဆိုင်းပြီးနောက်ပိုင်းရွှေဈေး၃၆သိန်းကျော်မြင့်တက်လာပြီး အမေရိကန် တစ်ဒေါ်လာဈေး ကျပ် ၃၅၀၀ ကျော်ရောက်ရှိလာတယ်။UOB ဘဏ်ကလာမည့်စက်တင်ဘာ လမှစပြီး မြန်မာဘဏ်များနှင့် လုပ်ငန်းလည်ပတ်မှု လုံးဝရပ်ဆိုင်း မည်ဖြစ်ပြီး စစ်ကောင်စီအနေဖြင့် ကမ္ဘာငွေကြေးဈေးကွက်အတွင်းသို့ဝင်ရောက်ရန်အခက်အခဲတွေဖြစ်ပေါ်နေကြောင့်ဒီလိုဈေးတွေတက်လာတာဖြစ်တယ်။UOBဘဏ်ဆိုတာစစ်ခေါင်းဆောင်ဦးသန်းရွှေလက်ထက်၁၉၉၄ခုနှစ်မှာဘဏ်ကိုယ်စားလှယ်ရုံးခွဲကို မြန်မာနိုင်ငံတွင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင်နိုင်ငံခြား ဘဏ်အဖြစ်လုပ်ငန်းလိုင်စင်ရထားတယ်။
နိုင်ငံခြားငွေလဲနှုန်းတွေဟာ ပြီးခဲ့တဲ့ ဇွန်လပိုင်းက နိုင်ငံခြားငွေရှာပေးနေသည့် စစ်ကောင်စီ လက်အောက်ခံ နိုင်ငံခြားဘဏ်လုပ်ငန်း နှစ်ခုဖြစ်သည့် မြန်မာ့ နိုင်ငံခြားကုန်သွယ်ဘဏ် ( MFTB) နှင့် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှု နှင့်ကူးသန်း ရောင်းဝယ်ရေးဘဏ် ( MICB) တို့ကိုအမေရိကန်က စီးပွားရေးအရေး ယူပိတ်ဆို့မှုများပြုလုပ်လိုက်တဲ့အချိန်ကစပြီးဆက်တိုက်မြင့်တက်လာတာဖြစ်တယ်။