စစ်ကိုင်းတိုင်း၊ပုလဲနယ် အခြေပြု တော်လှန်ရေးသမားတစ်ဦးဖြစ်တဲ့ဗိုလ်နဂါးရဲ့မြန့်မာတော်ဝင်နဂါးတပ်တော် (MRDA) က အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာန (MoD)ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ဖို့ ထည့်သွင်းထားတဲ့ တပ်ရင်း လေးရင်းကို NUG က ပြန်လည် ထုတ်ပါယ်လိုက်တယ်လို့ ဗိုလ်နဂါးကလူမှုကွန်ရက်မှတဆင့်ပြောပါတယ်။MoD ရဲ့ အမိန့်ပေးကွပ်ကဲမှုစနစ်အောက်မှာ ရှိခဲ့တဲ့ တပ်ရင်းလေးရင်းကို MoD က ထုတ်ပယ်လိုက်တာ ဖြစ်တယ်။
အခုလို NUG ၊ MoD က တပ်ရင်းလေးရင်းကို ထုတ်ပါယ်လိုက်တာဟာ ဘာကြောင့်မှန်း မသိရပေမယ့် မြန်မာ့တော်ဝင်နဂါးတပ်တော် – MRDA အနေနဲ့ ကိုယ်တိုင် ရပ်တည်နိုင်တဲ့အတွက် ထုတ်ပယ်လိုက်တာလို့ သက်ဆိုင်ရာက ပြောကြောင်း ဗိုလ်နဂါး က ဆိုပါတယ်။
NUG အစိုးရအောက်မှာ ရှိခဲ့တဲ့ MRDA ရဲ့ တပ်ရင်းလေးကို NUG အစိုးရက လက်နက် (၁၀၀) တပ်ဆင်ထားပေးပြီး လစဉ်အသုံးစရိတ် ကျပ်သိန်း(၁၀၀) ထောက်ပံတယ်လို့ အထက်အဆင့်က ပြောဆိုကြပေမယ် လက်ရှိ မြေပြင်ကို ရောက်လာတဲ့ ထောက်ပံကြေးက ကျပ်သိန်း (၂၀) ကျော်သာ ရရှိတယ်လို့လည်းထောက်ပြသွားသေးတယ်။NUG နဲ့ MoD ကတော့ထိုကိစ္စနဲ့ပက်သက်ပြီး တစုံတရာ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
NUGနဲ့ဗိုလ်နဂါးတို့ဟာမသိမသာတမျိုး၊သိသိသာသာတဖုံမကျေမလည်ဖြစ်နေတာကြာပါပြီ။ဗိုလ်နဂါးဖက်ကတော့ရိုးရိုးသားသားပွင့်ပွင့်လင်းလင်းပြောစရာရှိတာထုတ်ပြောတတ်ပေမယ့် NUGကတော့အမြဲနုတ်ဆိတ်နေပြီးဗိုလ်နဂါးဘာတွေအစာမကြေဖြစ်နေလဲမပြောတတ်ဘူး။NUGကိုယ်တိုင်ကဒီလိုဖြစ်နေရင်တော်လှန်ရေးအတွက်ကောင်းမှာမဟုတ်ဘူး။ဒီကိစ္စဟာနမူနာတစ်ခုအနေနဲ့သာဖြစ်ပြီးစစ်ကိုင်တိုင်းထဲမှာ NUGနဲ့LocalPDFတွေအဆင်မပြေမှုတွေအများကြီးရှိနေသေးတယ်။