ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်မှာစစ်ကောင်စီတပ်တွေနဲ့တော်လှန်ရေးအဖွဲ့တွေထပ်မံတိုက်ပွဲဖြစ်ပွားပြီးစစ်သူပုန်၃၀ခန့်သေဆုံးသွားပြန်တယ်လို့သိရတယ်။စစ်တပ်ကထိုနေရာတွေမှာPDFတွေရှိမယ်လို့ယူဆပြီးနယ်မြေရှင်းလင်းရေးလုပ်ရာမှာတော်လှန်ရေးအဖွဲ့တွေနဲ့ထိပ်တိုက်တွေ့ကာတနေကုန်နီးပါးတိုက်ပွဲပြင်းထန်ခဲ့တယ်။ရာသီဥတုမကောင်းလို့လေကြောင်းပစ်ကူလဲမလာနိုင်တဲ့အတွက်သူတို့အကျအဆုံးများသွားတာပေါ့။လက်နက်၂၀ကျော်လဲသိမ်းဆည်းရမိလိုက်တယ်။တိုက်ပွဲတွေကြောင့်ညောင်လေးပင်၊ဖြူး၊ကျောက်တံခါးမြို့နယ်တွေမှာအင်တာနက်အဖြတ်ခံထားရတယ်။
စစ်တပ်ဟာပဲခူးတိုင်းအရှေ့ခြမ်းကိုအင်အားများစွာပို့ဆောင်ထားပြီးတပ်ဖျောက်ထားတယ်လို့သိရတယ်။တော်လှန်ရေးအဖွဲ့တွေကလဲထိုဒေသတစ်လျောက်လုံးကိုနယ်မြေစိုးမိုးနိုင်ဖို့ကြိုးစားနေတာဆိုတော့ထိပ်တိုက်တွေ့ဦးမှာပဲ။အခုချိန်ထိတော့စစ်သူပုန်တွေဟာထိုဒေသကရွာတွေကိုမီးမရှို့သေးဘူး။သူတို့အခြေအနေဒီထပ်ဆိုးလာရင်တော့မပြောတတ်ဘူး။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...