ဒီနေ့ဟာရှစ်လေးလုံး အရေးတော်ပုံ (၃၅)နှစ်ပြည့်နေ့ပဲ။အရင်နှစ်တွေကဒီလိုနေ့မျိုးမှာ အထိမ်းအမှတ် ဆန္ဒပြမှုများရန်ကုန်နမှာ ပြုလုပ်ခဲ့တာကြောင့် စစ်ကောင်စီဝင်များက လူကူးခုံးကျော်တံတားများပေါ်မှာ ကင်းပုန်းဝပ်ပြီးစစ်ဆေးမှုများ ပြုလုပ်နေတယ်။
ဒီနေ့အပြင်သွားတော့ခုံးကျော်တံတားပေါ် ထောင့်တွေမှာ စစ်သားတွေ ကင်းပုန်းဝပ်ပြီး စစ်နေတာ တွေ့ခဲ့တယ်။ပြည်လမ်း မာလာမှတ်တိုင်နားက ခုံးတံတားမှာဆို တံတားပေါ်က ဖြတ်သွားတဲ့ လူငယ်တွေကို အိတ်တွေ ဖွင့်စစ်နေတာ တွေ့ခဲ့ရတယ်။ ဆူးလေနဲ့ ဆင်မလိုက်ဘက်က တံတားပေါ်မှာလဲ စစ်သားတွေ တွေ့ခဲ့တယ်။ စစ်ကောင်စီဝင်များက လူစည်ကားရာ လှည်းတန်းလမ်းဆုံ၊ အင်းလျားကန်ဘောင်၊ မြေနီကုန်းလမ်းဆုံ နှင့် မြို့ထဲအနီးတစ်ဝိုက်တွင်လည်း လှည့်ကင်းကားများနဲ့စစ်ဆေးမှုတွေအရင်ကထပ်ပိုပြီး ပြုလုပ်နေတယ်။စစ်ကားတွေကို နေရာတော်တော်များများမှာ တွေ့နေရတယ်။ ဒါပေမယ့်လဲ စစ်ကောင်စီက လုံခြုံရေးများတင်းကျပ်ထားသည့်ကြားမှဒီနေ့မနက်ရန်ကုန်မြို့လယ်ဆူးလေလမ်းမလူကူးခုံးကျော်တံတားပေါ်မှာ တော်လှန်လူငယ်များက ရှစ်လေးလုံးစာသား ရေးသားထားသည့် အကျီအနက်များကို ချိတ်ဆွဲကာ ဆန္ဒပြခဲ့ကြတယ်။