ကရင်ပြည်နယ်ရဲ့အခြားဒေသတစ်ခုဖြစ်တဲ့မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးရဲ့လမ်းပိုင်းတစ်နေရာဟာမိုးအဆက်မပြက်ရွာသွန်းမှုကြောင့်မြေသားအိဆင်းကာပြတ်ကျသွားပါတယ်။အရင်ရက်တွေကတော့လမ်းပေါ်ရေကျော်တာတွေရှိနေပေမဲ့ခရီးသွားလာလို့ရသေးတဲ့အခြေနေပါ။ အခုကလမ်းပိုင်းကြီး ခါးကကြိုးသလို ဖြစ်တာဆိုတော့ ကားတွေအကုန် ရောက်တဲ့နေရာက ပြန်လှည့်နေကြတယ်။ လက်ရှိမှာ အဆိုပါ လမ်းပိုင်း ပြတ်ထွက်သွားသည့် နေရာတွင် ကားအစီးရေ ရာဂဏန်းခန့်ပိတ်မိနေတယ်။ထိုလမ်းပိုင်းကိုပြန်ပြင်နိုင်ဖို့ကအတော်ကြာနိုင်တယ်။တိုက်ပွဲတွေကြောင့်မကြာခဏပိတ်ထားရတဲ့ထိုအာရှလမ်းမကြီးဟာဒီဖြစ်ရပ်ကြောင့် မြဝတီနယ်စပ်မှ ကုန်စည်စီးဆင်းမှုမှာ ကာလအတန်ကြာ ရပ်ဆိုင်းသွားနိုင်တယ်။
မြန်မာပြည်အောက်ပိုင်းမှာကရင်ပြည်နယ်ထဲသာမကပဲမွန်ပြည်နယ်ထဲကပြည်ထောင်စုလမ်းမကြီးတွေပေါ်မှာလဲမိုးများသောကြောင့်လမ်းပေါ်ရေကျော်မှုတွေဆက်တိုက်ဆိုသလိုဖြစ်ပေါ်နေလို့ကုန်စည်စီးဆင်းမှုတွေနှေးကွေးလျက်ရှိတယ်။
စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...


